ရှာဖွေလေတွေ့ ရှိလေ..

Monday, June 22, 2009

ညီအကိုများအတွက်.. ဂီတာနှင့်ဂီတ .. ဆိုတဲ့ ဘလောက်တခုညွှန်ပရစေ..
လေ့လာစရာမှတ်သားစရာလေးတွေနဲ့ ဘလောက်ပိုင်ရှင်ရဲ့ စေတနာလေးတွေ
ကိုမျှဝေခံစားရလိမ့်မယ်လို့ မျှော်လင့်ပါတယ်..
http://simigol.blogspot.com/

7 cords အကြောင်း..

Tuesday, June 2, 2009

ရိန်းဘိုးကညီအကိုတွေလဲညိမ်နေကြတာနဲ့ ..
ဒီတခါ 7 cords နဲ့ ပတ်သတ်တာလေးတင်ပေးချင်ပါတယ်..
ကော့တွေနဲ့ ပတ်သတ်ပြီးကျွန်တော်နားလည်လို့ တင်ပေးနေတာမဟုတ်ရပါ။
မြန်မာဆိုင်ဘာမှကူးယူတင်ပြရခြင်းဖြစ်ပါတယ် ။ အားလုံးလေ့ လာနိုင်ရန်သီး
သန့် ရည်ရွယ်ပါသည် ။ပျော်ရွှင်ချမ်းမြေ့ ကြပါစေ...။

ဒီ 7 Chord ဟာ (1-3-5-7b) ဆိုတဲ့ အသံ လေးသံနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
1 ကတော့ root note ပါ။
ခင်ဗျား C Chord ကို စဉ်းစားမယ်ဆိုရင် 1 က C note ဖြစ်ပြီး
D Chord အတွက် ဆိုရင် 1 က D note ဖြစ်ပါတယ်။

ဒုတိယ note ကတော့ 3 ပါ
C note ကနေ စရေမယ်ဆိုရင် C, C# , D, D# ,E ဆိုပြီး တွေ့ရလိမ့်မယ်
အဲဒီ E note က C ရဲ့major third (3) ပေါ့ဗျာ
ဒါက ဒုတိယ note ဖြစ်တဲ့ E ဖြစ်ပါတယ်


ဒါဆို C7 Chord အတွက် အသံ လေးသံ ရှိတဲ့အထဲက နှစ်သံရပြီ ("C" နဲ့ "E")

တတိယအသံကတော့ 5 ပါ။
C note ကနေ စရေမယ်ဆိုရင် C, C# , D, D# ,E ,F ,F# ,G ဆိုပြီး တွေ့ရပါလိမ့်မယ်။
အဲဒီ G က တတိယအသံဖြစ်ပါတယ်။
အခု ကျွန်တော်တို့ အသံသုံးသံ ရနေပါပြီ။ ("C", "E", "G")
ဒါဆို နောက်ဆုံး ထပ်ဖြည့်ပေးရမယ့် အသံတစ်သံပဲ ကျန်တော့တာပေါ့။

နောက်ဆုံးတစ်သံက 7b ပါ။
ထုံးစံအတိုင်း C note ကနေ စရေကြည့်ကြရအောင်ပါ။
C, C# , D, D# ,E ,F ,F# ,G , G#, A, A#, B
အဲဒီ B က 7 အသံလေ။ ဒါတော့ လူတော်တော်များများ သိကြမယ် ထင်ပါတယ်။
အဲဒီ 7 အသံ B ကို တ၀က်လျော့လိုက်မယ်ဗျာ 7b ဖြစ်ကရော
ဟုတ်ဘူးလား
ဒီတော့ 7b ဆိုတာ A#/Bb ပေါ့ဗျာ

ကဲ ကျွန်တော်တို့ C7 chord ကို ရပါပြီ။
ဂစ်တာရဲ့ ဘယ်နေရာမှာမဆို "C + E + G + A#/Bb" ဆိုတဲ့ notes 4 ခုကိုသာ တပြိုင်တည်း ကိုင်တီးလိုက်ပါ။
အဲဒါ C7 chord ဖြစ်ပါတယ်ဗျား။


********************************************


ဒါဆို ထုံးစံအတိုင်း D7 chord လေးကို ထပ်စဉ်းစားကြည့်ကြရအောင်ဗျာ။

* D Chord ကို စဉ်းစားတော့မှာမို့ သူ့ရဲ့ 1 က D

* D ကနေ စရေမယ် D, D#, E, F, F# ။ ရပြီ F#

* ပြန်ရေမယ် D ကနေပဲနော် D, D#, E, F, F#, G, G#, A ။ ရပြီ A

* ဆက်သွားမယ် D, D#, E, F, F#, G, G#, A, A#, B, C, C# ။ 7 အသံဖြစ်တဲ့ C# ကို တ၀က်လျော့လိုက်မယ် C

ဒါဆို D minor chord အတွက် အသံလေးသံ (D , F# , A , C ) ကို ရပါပြီ။

*****************************************
ကျန်တဲ့ 7Chord တွေကိုတော့ ကိုယ့်ဘာသာကိုယ်ပဲ ရှာကြည့်နိုင်ပါသည်..။