Showing posts with label ဂစ်တာတီးနည်း. Show all posts
Showing posts with label ဂစ်တာတီးနည်း. Show all posts

လက်ခတ်(Pick) ကိုင်တွယ်နည်း

Thursday, May 14, 2009



အပါး၊အလတ်၊အထူဆိုပြီးလက်ခတ်အမျိုးအစားအမျိုးမျိုးရှိကြပါတယ်။သိပ်ပါးလွန်းရင် တီးလုံးလေးတွေကို အမြန်တီးခတ်တဲ့အခါ အခက်အခဲဖြစ်နိုင်ပါတယ်။ရစ်သမ်တီးတဲ့အခါဆိုရင်တော့ အပါးလေးတွေက ကောင်းပါတယ်။လက်ခတ်ကို ၀ယ်တဲ့အခါ လူတိုင်း နှစ်သက်ကြတာ ကွာကြတော့ ကိုယ်တိုင် ကိုင်တွယ်ကြည့်ပြီး မိမိအနေနဲ့ တီးခတ်ရတာ အဆင်ပြေတဲ့ လက်ခတ်က အကောင်းဆုံးပဲဖြစ်ပါတယ်။


လက်ခတ်ကို ကိုင်တွယ်တဲ့အခါ လက်ညှိးနဲ့ လက်မကို၉၀ဒီဂရီကျအောင်ကိုင်တွယ်ဖို့ လိုအပ်ပါတယ်။


အထူး သတိပြုပေးရမှာကတော့ လက်ညှိးက အတွင်းကို ကွေးပြီးဖြစ်မနေဖို့ပါပဲ။လက်ညှိးကို အတွင်းထဲကွေးပြီးကိုင်တွယ်ရင် မသေသပ်တဲ့တီးလုံး မလိုအပ်တဲ့ကြိုးတွေကို ထိခြင်း စတဲ့ အဖြစ်တွေ ကြုံရနိုင်မှာဖြစ်ပါတယ်။
လက်ခတ်ကို ကိုင်ပြီးတီး ခတ်နေရင်း လက်ခတ်ဟာ အတွင်းထဲကို ၀င်သွားလေ့ရှိတာ ပုံမှန်ဖြစ်ပါတယ်။အဲဒီလိုဝင်သွားတဲ့အခါ အပြင်ကို ပြန်လည် တွန်း ထုတ်ပြီး တီးခတ်တာကို လေ့ကျင့်ပေးမယ်ဆိုရင် အဆင်ပြေမှာပါ။လက်ခတ်ကို အတင်းဖိကိုင်ဖို့မလိုပါဘူး။လူတယောက်က အသာလေးဆွဲယူသွားနိုင်လောက်တဲ့ အနေအထားလောက် ကိုင်တွယ်ပေးပါ။

Metal Lead Guitar Vol. 2: Troy Stetina

Thursday, April 30, 2009


မယ်တယ်လ်ဂစ်တာလေ့ကျင့်နည်းလို့ တော့ထင်ပါတယ်၊


ဒီနေရာမှာယူပါ

ဂစ်တာတီးသူတိုင်း လေ့ကျင့်ရမယ့်Alternate Picking Lesson - Level 1 - Exercice 1

ဂစ်တာတီးတဲ့သူတိုင်း မဖြစ်မနေလေ့ကျင့်ရမယ့် လေ့ကျင့်ခန်းလေးတခုပါ။
လေ့ကျင့်တဲ့အခါမှာ တိုင်မင်မှတ်တဲ့စက် Metronomeကိုဖွင့်ပြီး အနှေးဆုံးက စကျင့်ပါ။လောလောဆယ်မဲထရိုနို-မ်မရှိသေးရင် တိုင်မင်အလယ်အလတ်လောက်နဲ့ ဖန်တီးထားတဲ့ သီချင်းတပုဒ်ကိုဖွင့်ပြီး သီချင်းတိုင်မင်အတိုင်း လိုက်တီးပါ။
သီချင်းအစကနေ အဆုံးအထိ မနားပဲ ကြိုးစားပြီးလိုက်တီးပါ။တီးနေရင်း ဘယ်လက်နဲ့ ညာလက်ရဲ့ ဟန်ချက်ညီညီလှုပ်ရှားနေမှု၊ သီချင်းမှာပါတဲ့ ဒရမ်ဘိ-တ်အကျတိုင်းမှာ မိမိတီးနေတဲ့ နုတ်စ်အလုံးလေးတွေ တိတိကျ ကျနဲ့ လိုက်ပါနေသလားဆိုတာတွေကို စစ်ဆေးရင်း ကျင့်ပါ။
တခါကျင့်ရင်မိနစ်၃၀တိုင်အောင် ထပ်ခါထပ်ခါကျင့်ပါ။ တပတ်လုံးလုံး မပြတ်လေ့ကျင့်သွားရင် လက်တက်လာတာကို တွေ့ရပါလိမ့်မယ်။ထပ်ပြီး သတိပေးချင်တာက လောမကြီးပါနဲ့ ။မြန်မြန်တီးတိုင်းကောင်းတာမဟုတ်ပါဘူး။တီးလိုက်လို့ ထွက်လာတဲ့အသံဟာ ပီပြင်ရမယ်။ပြတ်သားရမယ်။ပြည့်ဝရမယ်။တီးလုံးလေးတွေ တခုနဲ့ တခုကြားဟာ အကျဲအစိတ် ညီမျှရ မယ်ဆိုတာကိုပဲ အထူးဂရုစိုက်လေ့ကျင့်ပေးပါ။ချွေးထွက်များမှ သွေးထွက်နဲမယ်ဆိုတာကို နှလုံးသွင်းရင်းပေါ့.....