Friday, May 29, 2009

အပြစ်မတင်ရက်ပါ..

အသိပေးကြေငြာခြင်း..

Monday, May 18, 2009

ပြီးခဲ့သော ၅ လပိုင်း ၃ရက်နေ့ တွင်ကျင်းပသောဘူချွန်း မြို့ တော်ဝန်ပွဲ၌
မြန်မာအသင်း(ကိုရီးယား)မှပါဝင်တက်ရောက်ခဲ့ရာ မြို့ တော်ဝန်မှဂုဏ်ပြု
ချီးမြှင့်ငွေ သုံးသိန်း(၃၀၀၀၀၀) ၀မ် ရရှိခဲ့ပါသည်။ ယင်းရရှိငွေအား မြန်မာ
အသင်းမှတဆင့် ရိန်းဘိုးတေးဂီတအဖွဲ့ အားလွှဲပြောင်းပေးအပ် လက်ခံရ
ရှိပြီးဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်.။

လုံးလုံး (ရိန်းဘိုး)

Bon Jovi - RUNAWAY [Live 2008 Tokyo]

Thursday, May 14, 2009


On the street where you live girls talk about their social lives
They're made of lipstick, plastic and paint
A touch of sable in their eyes

All your life all you asked
When is your Daddy gonna talk to you
But we're living in another world
Tryin' to get your message through

No one heard a single word you said
They should have seen it in your eyes
What was going around your head

* Ooh, she's a little runaway
Daddy's girl learned fast
All those things he couldn't say
Ooh, she's a little runaway

A different line everynight
Guarabteed to blow your mind
See you out on the streets
Call me for a wild time
So you sit home alone
'Cause there's nothing left that you can do
There's only pictures hung in the shadows
Left there to look at you

You konw she likes the lights
At night on the neon Broadway signs
And she don't really mind
Its only love she hoped to find

repeat *

No one heard a single word you said
They should have seen it in your eyes
What was going on your head

repeat *

လက်ခတ်(Pick) ကိုင်တွယ်နည်း



အပါး၊အလတ်၊အထူဆိုပြီးလက်ခတ်အမျိုးအစားအမျိုးမျိုးရှိကြပါတယ်။သိပ်ပါးလွန်းရင် တီးလုံးလေးတွေကို အမြန်တီးခတ်တဲ့အခါ အခက်အခဲဖြစ်နိုင်ပါတယ်။ရစ်သမ်တီးတဲ့အခါဆိုရင်တော့ အပါးလေးတွေက ကောင်းပါတယ်။လက်ခတ်ကို ၀ယ်တဲ့အခါ လူတိုင်း နှစ်သက်ကြတာ ကွာကြတော့ ကိုယ်တိုင် ကိုင်တွယ်ကြည့်ပြီး မိမိအနေနဲ့ တီးခတ်ရတာ အဆင်ပြေတဲ့ လက်ခတ်က အကောင်းဆုံးပဲဖြစ်ပါတယ်။


လက်ခတ်ကို ကိုင်တွယ်တဲ့အခါ လက်ညှိးနဲ့ လက်မကို၉၀ဒီဂရီကျအောင်ကိုင်တွယ်ဖို့ လိုအပ်ပါတယ်။


အထူး သတိပြုပေးရမှာကတော့ လက်ညှိးက အတွင်းကို ကွေးပြီးဖြစ်မနေဖို့ပါပဲ။လက်ညှိးကို အတွင်းထဲကွေးပြီးကိုင်တွယ်ရင် မသေသပ်တဲ့တီးလုံး မလိုအပ်တဲ့ကြိုးတွေကို ထိခြင်း စတဲ့ အဖြစ်တွေ ကြုံရနိုင်မှာဖြစ်ပါတယ်။
လက်ခတ်ကို ကိုင်ပြီးတီး ခတ်နေရင်း လက်ခတ်ဟာ အတွင်းထဲကို ၀င်သွားလေ့ရှိတာ ပုံမှန်ဖြစ်ပါတယ်။အဲဒီလိုဝင်သွားတဲ့အခါ အပြင်ကို ပြန်လည် တွန်း ထုတ်ပြီး တီးခတ်တာကို လေ့ကျင့်ပေးမယ်ဆိုရင် အဆင်ပြေမှာပါ။လက်ခတ်ကို အတင်းဖိကိုင်ဖို့မလိုပါဘူး။လူတယောက်က အသာလေးဆွဲယူသွားနိုင်လောက်တဲ့ အနေအထားလောက် ကိုင်တွယ်ပေးပါ။

ကီးဘုတ်အတီးလေ့ကျင့်မလား.

Wednesday, May 13, 2009

mouse ဖြင့်၎င်း keyboard ၄င်းတီးခတ်နိုင်ပါသည်..။အောက်တွင်ဖေါ်ပြထားသော
ဝက်ဘ်ဆိုက် ၌လည်းမိမိတို့ နှစ်သက်ရာတူရိယာများကိုလဲဒေါင်းလုပ်ဆွဲပြီးတီးခတ်နိုင်ပါသည်.။
ပျော်ရွှင်ချမ်းမြေ့ ကြပါစေ...။


ButtonBeats.com

ဂစ်တာကော့ဒ်တို့ စုဝေးရာ..

ဂစ်တာလေ့လာနေသူများရော ဂစ်တာဂုရုကြီးများပါအကျိုးရှိမဲ့နေရာလေးပါ.။



ဒီနေရာလေးကနေသွားပါ

သီိချင်းအလကားကူးမလား.

Sunday, May 10, 2009

အင်္ဂလိပ်သီချင်းများနှင့်ကိုရီးယားသီချင်းများကို အလွယ်တကူနဲ့ 
ဖရီးဒေါင်းလို့ ရတဲ့ပရိုဂရမ်လေးပါ..အသုံးပြုပုံကတော့ပုံမှာရှင်းပြ
ထားတဲ့ အတိုင်းလေးဘဲကြိုးစားကြည့်နိုင်ပါတယ်.။




ပရိုဂရမ်ကတော့ ဒီမှာယူပါ

ဆက်လက်တင်ပြပါရစေ..

Thursday, May 7, 2009

အစပိုင်းမှာ မေဂျာကောဒ်နဲ့ ပတ်သတ်တာလေးတင်ပြခဲ့ပါတယ်
ဒီတခါ........
Minor Chord


ဒီ Minor Chord ဟာ (1-3b-5) ဆိုတဲ့ အသံ သုံးသံနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
1 ကတော့ root note ကို ပြောတာပါ။
ဥပမာဗျာ ..... ခင်ဗျား C Chord ကို စဉ်းစားမယ်ဆိုရင် 1 က C note ပဲ
D Chord အတွက် ဆိုရင် 1 က D note ပေါ့ဗျာ ......... နော
ဒုတိယ note ကတော့ 3b လေဗျာ
C note ကနေ စရေမယ်ဆိုရင် C, C# , D, D# ,E ဆိုပြီး တွေ့ရလိမ့်မယ်
အဲဒီ E note က C ရဲ့major third (3) ပေါ့ဗျာ
အဲဒီ Note ကို flat (b) တစ်ကွက်လျော့လိုက်ဗျာ (ဒါအလွယ်ဆုံးနည်းပဲဗျ)
ဒါဆို D# ရလိမ့်မယ်
ဒါဟာ ခင်ဗျားယူထားရမယ့် ဒုတိယ note (3b) D# ပဲ ဖြစ်ပါတယ်

ဒါဆို C Minor Chord အတွက် အသံ သုံးသံ ရှိတဲ့အထဲက နှစ်သံရပြီ ("C" နဲ့ "D#" လေ)
နောက်ဆုံးကျန်တဲ့ တစ်သံကို ဆက်ဆွဲရအောင်
5 ပဲ ဖြစ်ပါတယ်

အထက်မှာ ရေးခဲ့တဲ့ Major Chord ကို ဖတ်ကြည့်လိုက်ဗျာ
အကျယ်ရေးမနေတော့ဘူး
ခင်ဗျား G note ကို ရလိမ့်မယ်ဗ်ျ

ဒါဆို C Minor Chord အတွက် အသံ သုံးသံ စလုံးစုံသွားပြီနော်
C ရယ် E ရယ် G ရယ် လေ
ဒီ အသံသုံးသံပါတဲ့ Chord တိုင်းကို Cm Chord လို့ခေါ်ပါတယ်
Guitar လက်ကွက်ပြားရဲ့ ဘယ်နေရာမှာပဲ ကိုင်ကိုင် တီးလိုက်လို့ ဒီ (C, D#, G) သုံးသံ ပါတယ်ဆိုရင်
ခင်ဗျားကိုင်ပြီးတီးနေတာ Cm Chord ပဲ ဖြစ်ပါတယ် ခင်ဗျာ
ဒါဆို D Chord ကို ဆက်သွားကြည့်မယ်ဗျာ
အဆစ် သဘောလေးပေါ့

*
D Chord ကို စဉ်းစားတော့မှာမို့ သူ့ရဲ့ 1(root note)က D
*
D ကနေ စရေမယ် D, D#, E, F, F# ။ ရပြီ F# အဲဒီ F# ကို တစ်ကွက်လျော့လိုက် F
*
ပြန်ရေမယ် D ကနေပဲနော် D, D#, E, F, F#, G, G#, A ။ ရပြီ A

ဒါဆို D minor chord အတွက် အသံသုံးသံ (D, F, A) ကို ရပါပြီ
ကဲ ကျန်တာကတော့ ခင်ဗျားတို့ အပိုင်းပဲ ပေါ့ဗျာ
ကျန်တဲ့ ခင်ဗျားတို့တီးချင်တဲ့ Minor Chord တွေကိုတော့ ကိုယ့်ဘာသာကိုယ်ပဲ ရှာကြည့်ကြတော့ဗျာ

နှိုးဆော်အပ်ပါသည်..

ညီအကိုများခင်ဗျား..

နေထိုင်ရာ တိုက်ခန်းအပေါ်မှ ခုန်ချပြီး ကွယ်လွန်သွားသော ကိုနေမျိုးထက်၏ နာရေးအား
ပါဝင်ကူညီရန်အတွက် လက်ကျန်ငွေမှ လှူဒါန်းလိုပါသည်.ညီအကိုများအနေဖြင့်လည်းအ
ကြံဥာဏ်လေးများပေးလိုပါက မနက်ဖန်နောက်ဆုံးထား၍ ပေးပို့ ပါရန်..


လေးစားစွာဖြင့်.... လုံးလုံး (ရိန်းဘိုး)

စတားကင်းမှကမ္ဘာကျော်လေးဖြစ်လာသူ.

Monday, May 4, 2009

SBS Star King အစီစဉ်တွင်ဝင်ရောက်ယှဉ်ပြိုင်နေစဉ်..



Celine Dion နှင့်အတူသီဆိုဖျော်ဖြေနေစဉ်..

Rainbow..

Friday, May 1, 2009

2009 ကိုရီးယားသင်္ကြန်ပွဲတွင် ရိန်းဘိုးမှညီကိုတယောက်ရဲ့ ..ငါမင်းကို