ဆက်လက်တင်ပြပါရစေ..

Thursday, May 7, 2009

အစပိုင်းမှာ မေဂျာကောဒ်နဲ့ ပတ်သတ်တာလေးတင်ပြခဲ့ပါတယ်
ဒီတခါ........
Minor Chord


ဒီ Minor Chord ဟာ (1-3b-5) ဆိုတဲ့ အသံ သုံးသံနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
1 ကတော့ root note ကို ပြောတာပါ။
ဥပမာဗျာ ..... ခင်ဗျား C Chord ကို စဉ်းစားမယ်ဆိုရင် 1 က C note ပဲ
D Chord အတွက် ဆိုရင် 1 က D note ပေါ့ဗျာ ......... နော
ဒုတိယ note ကတော့ 3b လေဗျာ
C note ကနေ စရေမယ်ဆိုရင် C, C# , D, D# ,E ဆိုပြီး တွေ့ရလိမ့်မယ်
အဲဒီ E note က C ရဲ့major third (3) ပေါ့ဗျာ
အဲဒီ Note ကို flat (b) တစ်ကွက်လျော့လိုက်ဗျာ (ဒါအလွယ်ဆုံးနည်းပဲဗျ)
ဒါဆို D# ရလိမ့်မယ်
ဒါဟာ ခင်ဗျားယူထားရမယ့် ဒုတိယ note (3b) D# ပဲ ဖြစ်ပါတယ်

ဒါဆို C Minor Chord အတွက် အသံ သုံးသံ ရှိတဲ့အထဲက နှစ်သံရပြီ ("C" နဲ့ "D#" လေ)
နောက်ဆုံးကျန်တဲ့ တစ်သံကို ဆက်ဆွဲရအောင်
5 ပဲ ဖြစ်ပါတယ်

အထက်မှာ ရေးခဲ့တဲ့ Major Chord ကို ဖတ်ကြည့်လိုက်ဗျာ
အကျယ်ရေးမနေတော့ဘူး
ခင်ဗျား G note ကို ရလိမ့်မယ်ဗ်ျ

ဒါဆို C Minor Chord အတွက် အသံ သုံးသံ စလုံးစုံသွားပြီနော်
C ရယ် E ရယ် G ရယ် လေ
ဒီ အသံသုံးသံပါတဲ့ Chord တိုင်းကို Cm Chord လို့ခေါ်ပါတယ်
Guitar လက်ကွက်ပြားရဲ့ ဘယ်နေရာမှာပဲ ကိုင်ကိုင် တီးလိုက်လို့ ဒီ (C, D#, G) သုံးသံ ပါတယ်ဆိုရင်
ခင်ဗျားကိုင်ပြီးတီးနေတာ Cm Chord ပဲ ဖြစ်ပါတယ် ခင်ဗျာ
ဒါဆို D Chord ကို ဆက်သွားကြည့်မယ်ဗျာ
အဆစ် သဘောလေးပေါ့

*
D Chord ကို စဉ်းစားတော့မှာမို့ သူ့ရဲ့ 1(root note)က D
*
D ကနေ စရေမယ် D, D#, E, F, F# ။ ရပြီ F# အဲဒီ F# ကို တစ်ကွက်လျော့လိုက် F
*
ပြန်ရေမယ် D ကနေပဲနော် D, D#, E, F, F#, G, G#, A ။ ရပြီ A

ဒါဆို D minor chord အတွက် အသံသုံးသံ (D, F, A) ကို ရပါပြီ
ကဲ ကျန်တာကတော့ ခင်ဗျားတို့ အပိုင်းပဲ ပေါ့ဗျာ
ကျန်တဲ့ ခင်ဗျားတို့တီးချင်တဲ့ Minor Chord တွေကိုတော့ ကိုယ့်ဘာသာကိုယ်ပဲ ရှာကြည့်ကြတော့ဗျာ

1 comment

Unknown said...

Post a Comment