Wednesday, March 10, 2010

မင်္ဂလာပါ.. ခင်ဗျား...

...သီချင်းတွေ ပို့ ဖို့  နောက်ကျနေတာ ... ဥက္ကဌ နဲ့  ဆွေးနွေးထားတာလေးပါ
တခါတည်း တင်ပြချင်တာနဲ့ အခုမှ ဒီမေးလ် ပို့ လိုက်ရတယ်..။ ပြီးခဲ့ တဲ့ အပတ်က
ကျွန်တော်အပါအ၀င် ညီအကိုတွေ ဆွေးနွေးထားတဲ့ သင်္ကြန်မှာ စက်ငှါးဖို့  ကိစ္စ
အစဉ်ပြေဖို့ များပါတယ် ..။ ဥက္ကဌ ကလဲ ရိန်းဘိုးအဖွဲ့ သားတွေရဲ့ ဆန္ဒ ကို အတက်
နိုင်ဆုံး ဖြည့်စည်းပေးပါ့ မယ် လို့ ပြောလိုက်ပါတယ်.။ အဲဒီတော့  ကျွန်တော်တို့ ဘက်
ကပဲ ပြင်ဆင်စရာ ရှိတာတွေ ကို အကောင်းဆုံး ပြင်ဆင်ထားဖို့  လိုအပ်ပါတယ်.။
စက်ငှားဖို့ စုံစမ်းကြည့်လိုက် တဲ့ အခါမှာလဲ ကျွန်တော်တို့ မျှော်မှန်းထားသလို (10) သိန်း
လောက်ဆိုရင် ဖြစ်နိုင်တယ် လို့ သိရပါတယ်.။ ဖြစ်ချင်တဲ့ ဆန္ဒလေးလဲ လုပ်ခွင့် ရပြီဆို
တော့  အဖွဲ့ သားတွေ အနေနဲ့ လဲ တာဝန်ကျေဖို့ လို ပါတယ်..။ မိမိတာဝန်ယူထားတဲ့ 
အပိုင်းကို သေသေသပ်သပ် လေး လုပ်ဆောင်ပေးကြဖို့  ဆန္ဒပြုပါတယ်.။ ဒါမှလဲ ဒီအဖွဲ့ 
လေးဟာရှေ့ဆက် တိုးတက် အောင်မြင်မှာ မလွဲပါဘူး.။ မိမိဆန္ဒ အလျောက် ထည့်ဝင်ထားတဲ့ 
ဝင်ငွေ စာရင်းလဲ အောက်မှာဖေါ်ပြထားပါတယ်..။ စာရင်းမှာမပါ ၀င်သေးတဲ့  ညီအကို
များကလဲ မိမိတို့ တက်နိုင်သလောက် ပါဝင် အားဖြည့်နိုင်ပါတယ်.။ အားလုံးရဲ့ ဆန္ဒ
အတိုင်း နယ်ဝေးမှ အတီးသမား များ ရဲ့ ခရီးစရိတ် နှင့် သီးချင်းတိုက်ဖို့ အခန်းငှားခတွေ
ကို ရရှိတဲ့  ငွေထဲ ကနေသုံးစွဲ မှာ ဖြစ်ပါတယ်.။ နောက်တပတ် သီချင်းတိုက်ရက်ကိုတော့ 
( 21 . 3 . 2010 ) တနင်္ဂနွေ နေ့ မှာ ပြန်လည်စတင်မှာ ဖြစ်ပါတယ်..။
အသေးစိတ် ကိုထပ်မံကြေငြာ ပါ့ မယ်..။

အမာခံ မတည်ငွေ ထည့်ဝင်သူများစာရင်း....

၁.. လုံးလုံး (တစ်သိန်း)
၂.. ကိုရဲ ။
၃.. ကိုစိုင်း ။
၎.. ဘိုဘိုဇော် ။
၅.. ရဲလင်း ။
၆.. မင်းမင်းဦး ။
၇.. အောင်အောင်ဦး ။
၈.. ကိုမျိုးဇော် ။
၉.. ကျော်မင်းဦး ။
၁၀. ဖြိုးဝေအောင် ။
၁၁. ရွှေအိုးစည် ။
၁၂. ဇေယျာလင်း ။
၁၃. ကိုဇော်ဇော် ( ငါးသောင်း)
စုစုပေါင်း ......၁၂၅၀၀၀၀ (ဆယ့်နှစ်သိန်းငါးသောင်း)
...............................................................................................................................................

နောက်ဆုံးလက်ခံထားပြီးသား သီချင်း စာရင်း....

1 - ငါမင်းကို (အဲလက်စ်) ရွှေအိုးစည်
2 - ခဏတာ (ဂျီလတ်) ။
3 - သင်္ကြန်ပွဲတော် (အစ္စဏီ) ဖိုးရဲ
4 - ပိတောက်တမျက်နှာ (အာဇာနည်) မြင့်ဇော်
5 - ပိုးဟပ် (bigbag) ကိုဖြိုး
6 - အေးဆေးပဲ (နောနော်) ကျော်မင်းဦး
7 - ထွက်ပေါက် (လေးဖြူ) မင်းမင်းဦး (တပုဒ်ဖြုတ်ရန်)
8 - ခြားနားရှားပါး (မာရဇ္ဇ) ။
9 - မေ 2 ။ ။
10- အ၀ါရောင်ကိုက်ခဲမှု (အငဲ) ရဲလင်း (တပုဒ်ဖြုတ်ရန်)
11- နတ်မိမယ်မိန်းခလေး ။ ။
12- အတောင်ပံတစုံရဲ့ စွမ်းအား (လေးဖြူ) ။
13- ခါး (အငဲ) အောင်အောင်ဦး
14- နွေဦးကဗျာ (ဖိုးကာ) ။
15- ပြန်ဆုံခြင်း (အဲလက်စ်) ဇော်လင်းမြင့် 
16- ရေတွေစိုကုန်ပြီ (စည်သူလွင်) ကိုစိုင်း
17- တစ္ဆေလမ်း (ဇော်ဝင်းထွဋ်) ။
18- လေလွင့်ငှက်ဧ။်ခြေရာများ (ချစ်ကောင်း) လုံးလုံး
19- တမိနစ်နောက်ကျ (မျိုးကျော့မြိုင်) ။
20- နားလည်ပါ (bigbag) မောင်စိန်ဝင်း
21- ရိုးရာမမ (ရခိုင်သီချင်း) ဖြိုးဝေ ( အဖွဲ့  )
22- ရပ်စောင့် (မောင်၂ဇော်လတ်) ကိုမျိုးဇော်
23- နူးညံ့တဲ့ အမိန့် တော်အတိုင်း (အငဲ) ။
24- ပန်းမျိုးတရာ (ဖြိုးကြီး) ..........
25- အတွေး (ထူးအယ်လင်း) ဇေယျာလင်း
26- (အမည်မသိသေး) ကျော်ထက်
27- ။ ။
28- happybirthday (bigbag) ကိုဖြိုး

မှတ်ချက် ။ ။ သီဆိုသူများအနေနဲ့  မိမိ ရဲ့ သီချင်းစာ သား ကူးယူလာပြီး
ဟာမိုနီ သီဆိုရန် လိုအပ်ပါက ဘယ်နေရာ ပါဝင် သီဆိုရ
မည် ကို ရေးသားထားပေးစေ လိုပါသည်..။

Tuesday, January 19, 2010




ညီအကိုများခင်ဗျား.. ရှေ့လမှာကျင်းပမဲ့ ပြည်ထောင်စုနေ့ အခမ်းနားမှာ ရိန်းဘိုးအနေနဲ့  ဖျော်ဖြေခွင့် သီချင်း ၃ပုဒ်စာရရှိပ်ါတယ်..ဒီပွဲမှာ သီဆိုဖို့  လိုက်ဖက်မဲ့ သီချင်းလေးများရှိခဲ့ ပြီးသီဆိုချင်သူများရှိပါက စာရင်းပေးနိုင်ပါပြီ..။ ( ၃၁ . ၁ . ၂၀၁၀) နေ့  မနက် (၁၁) နာရီ မှစပြီး မြန်မာအသင်းခမ်းမမှာသီချင်းတိုက်မှာဖြစ်ပါတယ်..။ သင်္ကြန်အတွက်လဲ စတင်ပြင်ဆင်နေကြပါပြီ ..။ မိမိတို့ ဆောင်ရွက်စရာ ရှိသည်များကို ကြိုတင် ပြင်ဆင်ထားဖို့ တိုက်တွန်းအပ်ပါသည်..။ အသေးစိတ်ကိုထပ်မံကြေငြာပါမည်.။

မြန်မာသီချင်းများ..(၁)

Thursday, January 14, 2010

၁၀ စက္ကန့် () + ()
၁၂ ရာသီအချစ်
၁၉း၁၈ (၁)
၁၉း၁၈ (၂)
၁၉း၁၈ (၃)
၂၀၀၀ လက်ဆောင်
က ခ ဂ ဃ င
ကျွန်တော်တို့ဂီတရပ်ဝန်းမှာ
ကြင်နာသူရဲ့အချစ်ရိပ်
ကြယ်ကိုးပွင့်အရောအနှောဒေါ့ကွန်း
ကံကောင်းခြင်းလက်ဆောင် ၁၀ ခရီး
ကိုက်လမ်း
ချာတိတ်တွေပြောတဲ့ကျွန်တော့်အကြောင်း
ချစ်ခြင်း၏မှန်ကူကွက်များ
ချစ်သူ့မျက်နှာ
ချစ်သူလက်ဆောင် (၁)
ချစ်သူလက်ဆောင် (၂)
ချစ်သူနားဆင်ဖို့ (Boy)
ချစ်သူတို့ရဲ့မင်္ဂလာတေး
ချစ်သူများရဲ့ မှတ်တိုင်
ချစ်နေရရင်ပြီးတာပဲ
ချစ်လား

ဂီတကိုချစ်မြတ်နိုးသူညီအကိုများအတွက်..

Sunday, December 20, 2009

ဂီတ၀ါသနာရှင်ပုဂ္ဂိုလ်များ..မိမိကိုယ်တိုင်တေးဂီတဖန်တီးလို့ ရတဲ့ 
ဆောဖ်ဝဲလ်လေးတခုရှာဖွေတင်ဆက်လိုက်ပါတယ်..အွန်လိုင်းမှာလဲ
လုပ်ဆောင်ဖန်တီးချက်တွေကိုဗွီဒီယိုနဲ့ တကွရှင်းလင်းထားပါတယ်..



online info..:http://www.magix.com/us/music-maker/

download link:.. here

ဂစ်တာပရို .5

Thursday, October 22, 2009



ဒီဆောဖ်ဝဲလေး ကတော့  ဂစ်တာသမားတော်တော်များများသိကြမှာပါ.. လိုအပ်မဲ့ ညီအကိုများ အတွက်တင်ပေးလိုက်ပါတယ်..

ဒေါင်းမယ်ဆိုရင်ပေါ့...... ဒီမှာ

လေးဖြူ ရဲ့ အာစီယံသီချင်းလေး.. ကမ္ဘာသစ်ဆီသို့ ..

Tuesday, September 29, 2009



သီချင်းသီးသန့် လိုချင်ရင်တော့ ဒီမှာ ယူပါ.. mmcyber မှတဆင့် ကူးယူဖေါ်ပြသည်။

အငဲ ရဲ့  .... 9

Wednesday, September 16, 2009



အငဲရဲ့ 9 စီးရီးလေးတွေ့ လို့ သူငယ်ချင်းတွေအတွက် ရှယ်ပေးလိုက်တယ်..
သီချင်းယူမယ်ဆိုရင်တော့ .. ဒီမှာ

ကဲ... ရိန်းဘိုးတို့ ရေ.. ဘာလုပ်ကြမှာလဲ..

Tuesday, September 1, 2009

Tuesday, August 11, 2009

ညီအကိုများခင်ဗျား..

မြန်မာပြည်သို့ အလည်ပြန်သောညီအကို များ စုံစုံလင်လင်
ပြန်လည်ရောက်ရှိနေပြီဖြစ်တဲ့အတွက်..
(၁၀) လပိုင်း ဗုဒ္ဓပူဇနိယ ပွဲတော်တွင် ပါဝင်ဖျော်ဖြေဖို့ အတွက်
ပြင်ဆင်မှုများပြုလုပ်ရန် လိုအပ်နေ
ပါသည်။ ဒီတပတ်အတွင်းနောက်ဆုံးထား ပြီး သီဆိုမည့် သူများ
အနေဖြင့်လည်း သီချင်းများရွေးချယ်
ပေးပို့ ကြ စေလိုပါသည်။ တီးခတ်မည့် သူများအနေဖြင့်လည်း
မိမိပိုင်နိုင်စွာ တီးခတ်နိုင် ပြီး အဖွဲ့ သား
ထဲမှ သီဆိုသူများနှင့်လိုက်ဖက်မည့် သီချင်းကောင်းလေးများ
ရွေးချယ် တင်ပြစေလို ပါသည်။

သြဂုတ်လ ၂၃ ရက်နေ့ တွင် စတင် လေ့ကျင့်နိုင်လျှင် အကောင်းဆုံးဖြစ်မည်ထင်ပါသည်။

လေးစားစွာဖြင့် .. လုံးလုံး (ရိန်းဘိုး)

Thursday, July 2, 2009

ရှာဖွေလေတွေ့ ရှိလေ..

Monday, June 22, 2009

ညီအကိုများအတွက်.. ဂီတာနှင့်ဂီတ .. ဆိုတဲ့ ဘလောက်တခုညွှန်ပရစေ..
လေ့လာစရာမှတ်သားစရာလေးတွေနဲ့ ဘလောက်ပိုင်ရှင်ရဲ့ စေတနာလေးတွေ
ကိုမျှဝေခံစားရလိမ့်မယ်လို့ မျှော်လင့်ပါတယ်..
http://simigol.blogspot.com/

7 cords အကြောင်း..

Tuesday, June 2, 2009

ရိန်းဘိုးကညီအကိုတွေလဲညိမ်နေကြတာနဲ့ ..
ဒီတခါ 7 cords နဲ့ ပတ်သတ်တာလေးတင်ပေးချင်ပါတယ်..
ကော့တွေနဲ့ ပတ်သတ်ပြီးကျွန်တော်နားလည်လို့ တင်ပေးနေတာမဟုတ်ရပါ။
မြန်မာဆိုင်ဘာမှကူးယူတင်ပြရခြင်းဖြစ်ပါတယ် ။ အားလုံးလေ့ လာနိုင်ရန်သီး
သန့် ရည်ရွယ်ပါသည် ။ပျော်ရွှင်ချမ်းမြေ့ ကြပါစေ...။

ဒီ 7 Chord ဟာ (1-3-5-7b) ဆိုတဲ့ အသံ လေးသံနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
1 ကတော့ root note ပါ။
ခင်ဗျား C Chord ကို စဉ်းစားမယ်ဆိုရင် 1 က C note ဖြစ်ပြီး
D Chord အတွက် ဆိုရင် 1 က D note ဖြစ်ပါတယ်။

ဒုတိယ note ကတော့ 3 ပါ
C note ကနေ စရေမယ်ဆိုရင် C, C# , D, D# ,E ဆိုပြီး တွေ့ရလိမ့်မယ်
အဲဒီ E note က C ရဲ့major third (3) ပေါ့ဗျာ
ဒါက ဒုတိယ note ဖြစ်တဲ့ E ဖြစ်ပါတယ်


ဒါဆို C7 Chord အတွက် အသံ လေးသံ ရှိတဲ့အထဲက နှစ်သံရပြီ ("C" နဲ့ "E")

တတိယအသံကတော့ 5 ပါ။
C note ကနေ စရေမယ်ဆိုရင် C, C# , D, D# ,E ,F ,F# ,G ဆိုပြီး တွေ့ရပါလိမ့်မယ်။
အဲဒီ G က တတိယအသံဖြစ်ပါတယ်။
အခု ကျွန်တော်တို့ အသံသုံးသံ ရနေပါပြီ။ ("C", "E", "G")
ဒါဆို နောက်ဆုံး ထပ်ဖြည့်ပေးရမယ့် အသံတစ်သံပဲ ကျန်တော့တာပေါ့။

နောက်ဆုံးတစ်သံက 7b ပါ။
ထုံးစံအတိုင်း C note ကနေ စရေကြည့်ကြရအောင်ပါ။
C, C# , D, D# ,E ,F ,F# ,G , G#, A, A#, B
အဲဒီ B က 7 အသံလေ။ ဒါတော့ လူတော်တော်များများ သိကြမယ် ထင်ပါတယ်။
အဲဒီ 7 အသံ B ကို တ၀က်လျော့လိုက်မယ်ဗျာ 7b ဖြစ်ကရော
ဟုတ်ဘူးလား
ဒီတော့ 7b ဆိုတာ A#/Bb ပေါ့ဗျာ

ကဲ ကျွန်တော်တို့ C7 chord ကို ရပါပြီ။
ဂစ်တာရဲ့ ဘယ်နေရာမှာမဆို "C + E + G + A#/Bb" ဆိုတဲ့ notes 4 ခုကိုသာ တပြိုင်တည်း ကိုင်တီးလိုက်ပါ။
အဲဒါ C7 chord ဖြစ်ပါတယ်ဗျား။


********************************************


ဒါဆို ထုံးစံအတိုင်း D7 chord လေးကို ထပ်စဉ်းစားကြည့်ကြရအောင်ဗျာ။

* D Chord ကို စဉ်းစားတော့မှာမို့ သူ့ရဲ့ 1 က D

* D ကနေ စရေမယ် D, D#, E, F, F# ။ ရပြီ F#

* ပြန်ရေမယ် D ကနေပဲနော် D, D#, E, F, F#, G, G#, A ။ ရပြီ A

* ဆက်သွားမယ် D, D#, E, F, F#, G, G#, A, A#, B, C, C# ။ 7 အသံဖြစ်တဲ့ C# ကို တ၀က်လျော့လိုက်မယ် C

ဒါဆို D minor chord အတွက် အသံလေးသံ (D , F# , A , C ) ကို ရပါပြီ။

*****************************************
ကျန်တဲ့ 7Chord တွေကိုတော့ ကိုယ့်ဘာသာကိုယ်ပဲ ရှာကြည့်နိုင်ပါသည်..။

Friday, May 29, 2009

အပြစ်မတင်ရက်ပါ..

အသိပေးကြေငြာခြင်း..

Monday, May 18, 2009

ပြီးခဲ့သော ၅ လပိုင်း ၃ရက်နေ့ တွင်ကျင်းပသောဘူချွန်း မြို့ တော်ဝန်ပွဲ၌
မြန်မာအသင်း(ကိုရီးယား)မှပါဝင်တက်ရောက်ခဲ့ရာ မြို့ တော်ဝန်မှဂုဏ်ပြု
ချီးမြှင့်ငွေ သုံးသိန်း(၃၀၀၀၀၀) ၀မ် ရရှိခဲ့ပါသည်။ ယင်းရရှိငွေအား မြန်မာ
အသင်းမှတဆင့် ရိန်းဘိုးတေးဂီတအဖွဲ့ အားလွှဲပြောင်းပေးအပ် လက်ခံရ
ရှိပြီးဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်.။

လုံးလုံး (ရိန်းဘိုး)

Bon Jovi - RUNAWAY [Live 2008 Tokyo]

Thursday, May 14, 2009


On the street where you live girls talk about their social lives
They're made of lipstick, plastic and paint
A touch of sable in their eyes

All your life all you asked
When is your Daddy gonna talk to you
But we're living in another world
Tryin' to get your message through

No one heard a single word you said
They should have seen it in your eyes
What was going around your head

* Ooh, she's a little runaway
Daddy's girl learned fast
All those things he couldn't say
Ooh, she's a little runaway

A different line everynight
Guarabteed to blow your mind
See you out on the streets
Call me for a wild time
So you sit home alone
'Cause there's nothing left that you can do
There's only pictures hung in the shadows
Left there to look at you

You konw she likes the lights
At night on the neon Broadway signs
And she don't really mind
Its only love she hoped to find

repeat *

No one heard a single word you said
They should have seen it in your eyes
What was going on your head

repeat *

လက်ခတ်(Pick) ကိုင်တွယ်နည်း



အပါး၊အလတ်၊အထူဆိုပြီးလက်ခတ်အမျိုးအစားအမျိုးမျိုးရှိကြပါတယ်။သိပ်ပါးလွန်းရင် တီးလုံးလေးတွေကို အမြန်တီးခတ်တဲ့အခါ အခက်အခဲဖြစ်နိုင်ပါတယ်။ရစ်သမ်တီးတဲ့အခါဆိုရင်တော့ အပါးလေးတွေက ကောင်းပါတယ်။လက်ခတ်ကို ၀ယ်တဲ့အခါ လူတိုင်း နှစ်သက်ကြတာ ကွာကြတော့ ကိုယ်တိုင် ကိုင်တွယ်ကြည့်ပြီး မိမိအနေနဲ့ တီးခတ်ရတာ အဆင်ပြေတဲ့ လက်ခတ်က အကောင်းဆုံးပဲဖြစ်ပါတယ်။


လက်ခတ်ကို ကိုင်တွယ်တဲ့အခါ လက်ညှိးနဲ့ လက်မကို၉၀ဒီဂရီကျအောင်ကိုင်တွယ်ဖို့ လိုအပ်ပါတယ်။


အထူး သတိပြုပေးရမှာကတော့ လက်ညှိးက အတွင်းကို ကွေးပြီးဖြစ်မနေဖို့ပါပဲ။လက်ညှိးကို အတွင်းထဲကွေးပြီးကိုင်တွယ်ရင် မသေသပ်တဲ့တီးလုံး မလိုအပ်တဲ့ကြိုးတွေကို ထိခြင်း စတဲ့ အဖြစ်တွေ ကြုံရနိုင်မှာဖြစ်ပါတယ်။
လက်ခတ်ကို ကိုင်ပြီးတီး ခတ်နေရင်း လက်ခတ်ဟာ အတွင်းထဲကို ၀င်သွားလေ့ရှိတာ ပုံမှန်ဖြစ်ပါတယ်။အဲဒီလိုဝင်သွားတဲ့အခါ အပြင်ကို ပြန်လည် တွန်း ထုတ်ပြီး တီးခတ်တာကို လေ့ကျင့်ပေးမယ်ဆိုရင် အဆင်ပြေမှာပါ။လက်ခတ်ကို အတင်းဖိကိုင်ဖို့မလိုပါဘူး။လူတယောက်က အသာလေးဆွဲယူသွားနိုင်လောက်တဲ့ အနေအထားလောက် ကိုင်တွယ်ပေးပါ။

ကီးဘုတ်အတီးလေ့ကျင့်မလား.

Wednesday, May 13, 2009

mouse ဖြင့်၎င်း keyboard ၄င်းတီးခတ်နိုင်ပါသည်..။အောက်တွင်ဖေါ်ပြထားသော
ဝက်ဘ်ဆိုက် ၌လည်းမိမိတို့ နှစ်သက်ရာတူရိယာများကိုလဲဒေါင်းလုပ်ဆွဲပြီးတီးခတ်နိုင်ပါသည်.။
ပျော်ရွှင်ချမ်းမြေ့ ကြပါစေ...။


ButtonBeats.com

ဂစ်တာကော့ဒ်တို့ စုဝေးရာ..

ဂစ်တာလေ့လာနေသူများရော ဂစ်တာဂုရုကြီးများပါအကျိုးရှိမဲ့နေရာလေးပါ.။



ဒီနေရာလေးကနေသွားပါ

သီိချင်းအလကားကူးမလား.

Sunday, May 10, 2009

အင်္ဂလိပ်သီချင်းများနှင့်ကိုရီးယားသီချင်းများကို အလွယ်တကူနဲ့ 
ဖရီးဒေါင်းလို့ ရတဲ့ပရိုဂရမ်လေးပါ..အသုံးပြုပုံကတော့ပုံမှာရှင်းပြ
ထားတဲ့ အတိုင်းလေးဘဲကြိုးစားကြည့်နိုင်ပါတယ်.။




ပရိုဂရမ်ကတော့ ဒီမှာယူပါ

ဆက်လက်တင်ပြပါရစေ..

Thursday, May 7, 2009

အစပိုင်းမှာ မေဂျာကောဒ်နဲ့ ပတ်သတ်တာလေးတင်ပြခဲ့ပါတယ်
ဒီတခါ........
Minor Chord


ဒီ Minor Chord ဟာ (1-3b-5) ဆိုတဲ့ အသံ သုံးသံနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
1 ကတော့ root note ကို ပြောတာပါ။
ဥပမာဗျာ ..... ခင်ဗျား C Chord ကို စဉ်းစားမယ်ဆိုရင် 1 က C note ပဲ
D Chord အတွက် ဆိုရင် 1 က D note ပေါ့ဗျာ ......... နော
ဒုတိယ note ကတော့ 3b လေဗျာ
C note ကနေ စရေမယ်ဆိုရင် C, C# , D, D# ,E ဆိုပြီး တွေ့ရလိမ့်မယ်
အဲဒီ E note က C ရဲ့major third (3) ပေါ့ဗျာ
အဲဒီ Note ကို flat (b) တစ်ကွက်လျော့လိုက်ဗျာ (ဒါအလွယ်ဆုံးနည်းပဲဗျ)
ဒါဆို D# ရလိမ့်မယ်
ဒါဟာ ခင်ဗျားယူထားရမယ့် ဒုတိယ note (3b) D# ပဲ ဖြစ်ပါတယ်

ဒါဆို C Minor Chord အတွက် အသံ သုံးသံ ရှိတဲ့အထဲက နှစ်သံရပြီ ("C" နဲ့ "D#" လေ)
နောက်ဆုံးကျန်တဲ့ တစ်သံကို ဆက်ဆွဲရအောင်
5 ပဲ ဖြစ်ပါတယ်

အထက်မှာ ရေးခဲ့တဲ့ Major Chord ကို ဖတ်ကြည့်လိုက်ဗျာ
အကျယ်ရေးမနေတော့ဘူး
ခင်ဗျား G note ကို ရလိမ့်မယ်ဗ်ျ

ဒါဆို C Minor Chord အတွက် အသံ သုံးသံ စလုံးစုံသွားပြီနော်
C ရယ် E ရယ် G ရယ် လေ
ဒီ အသံသုံးသံပါတဲ့ Chord တိုင်းကို Cm Chord လို့ခေါ်ပါတယ်
Guitar လက်ကွက်ပြားရဲ့ ဘယ်နေရာမှာပဲ ကိုင်ကိုင် တီးလိုက်လို့ ဒီ (C, D#, G) သုံးသံ ပါတယ်ဆိုရင်
ခင်ဗျားကိုင်ပြီးတီးနေတာ Cm Chord ပဲ ဖြစ်ပါတယ် ခင်ဗျာ
ဒါဆို D Chord ကို ဆက်သွားကြည့်မယ်ဗျာ
အဆစ် သဘောလေးပေါ့

*
D Chord ကို စဉ်းစားတော့မှာမို့ သူ့ရဲ့ 1(root note)က D
*
D ကနေ စရေမယ် D, D#, E, F, F# ။ ရပြီ F# အဲဒီ F# ကို တစ်ကွက်လျော့လိုက် F
*
ပြန်ရေမယ် D ကနေပဲနော် D, D#, E, F, F#, G, G#, A ။ ရပြီ A

ဒါဆို D minor chord အတွက် အသံသုံးသံ (D, F, A) ကို ရပါပြီ
ကဲ ကျန်တာကတော့ ခင်ဗျားတို့ အပိုင်းပဲ ပေါ့ဗျာ
ကျန်တဲ့ ခင်ဗျားတို့တီးချင်တဲ့ Minor Chord တွေကိုတော့ ကိုယ့်ဘာသာကိုယ်ပဲ ရှာကြည့်ကြတော့ဗျာ