2008 .UN International Migrants' Day
Celebration In Korea..
ဂစ်တာတီးသူတိုင်း လေ့ကျင့်ရမယ့်Alternate Picking Lesson - Level 1 - Exercice 1
ဂစ်တာတီးတဲ့သူတိုင်း မဖြစ်မနေလေ့ကျင့်ရမယ့် လေ့ကျင့်ခန်းလေးတခုပါ။
လေ့ကျင့်တဲ့အခါမှာ တိုင်မင်မှတ်တဲ့စက် Metronomeကိုဖွင့်ပြီး အနှေးဆုံးက စကျင့်ပါ။လောလောဆယ်မဲထရိုနို-မ်မရှိသေးရင် တိုင်မင်အလယ်အလတ်လောက်နဲ့ ဖန်တီးထားတဲ့ သီချင်းတပုဒ်ကိုဖွင့်ပြီး သီချင်းတိုင်မင်အတိုင်း လိုက်တီးပါ။
သီချင်းအစကနေ အဆုံးအထိ မနားပဲ ကြိုးစားပြီးလိုက်တီးပါ။တီးနေရင်း ဘယ်လက်နဲ့ ညာလက်ရဲ့ ဟန်ချက်ညီညီလှုပ်ရှားနေမှု၊ သီချင်းမှာပါတဲ့ ဒရမ်ဘိ-တ်အကျတိုင်းမှာ မိမိတီးနေတဲ့ နုတ်စ်အလုံးလေးတွေ တိတိကျ ကျနဲ့ လိုက်ပါနေသလားဆိုတာတွေကို စစ်ဆေးရင်း ကျင့်ပါ။
တခါကျင့်ရင်မိနစ်၃၀တိုင်အောင် ထပ်ခါထပ်ခါကျင့်ပါ။ တပတ်လုံးလုံး မပြတ်လေ့ကျင့်သွားရင် လက်တက်လာတာကို တွေ့ရပါလိမ့်မယ်။ထပ်ပြီး သတိပေးချင်တာက လောမကြီးပါနဲ့ ။မြန်မြန်တီးတိုင်းကောင်းတာမဟုတ်ပါဘူး။တီးလိုက်လို့ ထွက်လာတဲ့အသံဟာ ပီပြင်ရမယ်။ပြတ်သားရမယ်။ပြည့်ဝရမယ်။တီးလုံးလေးတွေ တခုနဲ့ တခုကြားဟာ အကျဲအစိတ် ညီမျှရ မယ်ဆိုတာကိုပဲ အထူးဂရုစိုက်လေ့ကျင့်ပေးပါ။ချွေးထွက်များမှ သွေးထွက်နဲမယ်ဆိုတာကို နှလုံးသွင်းရင်းပေါ့.....

Labels:
ဂစ်တာတီးနည်း
သင်္ကြန်ပွဲငွေစာရင်းလက်ကျန်ရှင်းတမ်း..
ရိန်းဘိုးအဖွဲ့ ဝိုင်းတော်သားများခင်ဗျား. ပြီးခဲ့တဲ့သင်္ကြန်ပွဲမှငွေစာရင်းများကိုတင်ပြလိုက်ပါသည်။ မရှင်းလင်းသည်များရှိပါက
ဖုန်းဖြင့်သော်၎င်း ၊ အီးမေးလ် ဖြင့်သော်၎င်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် နောက်ကျမှူအတွက်
အနူးအညွတ်တောင်းပန်အပ်ပါသည် ။
အဖွဲ့ ဝင် ၂၃ ယောက်ဆီမှကောက်ခံရရှိငွေ = ၄၆၀၀၀၀ ၀မ်
မြန်မာအသင်းမှ ထောက်ပံ့ငွေ = ၁၀၀၀၀၀ ၀မ်
စုစုပေါင်း ရရှိငွေ = ၅၆၀၀၀၀ ၀မ်
သုံးစွဲငွေ...
သီချင်းတိုက်ခ(၅.ပတ်) = ၁၈၀၀၀၀ ၀မ်
စတုဒီသာ (အအေးဖိုး) = ၁၅၀၀၀၀ ၀မ်
လိုအပ်သောစက်ငှားခ = ၁၀၀၀၀၀ ၀မ်
ဒီဇိုင်းအပ်ခ (print card) = ၁၀၀၀၀ ၀မ် ( ကိုစိုးမိုးသူကိုပေးရန်ကျန်)
စုစုပေါင်းသုံးစွဲငွေ = ၄၄၀၀၀၀ ၀မ်
လက်ကျန်ငွေစုစုပေါင်း ( ၁၂၀၀၀၀ -၀မ်) ဖြစ်ပါသည် ။ ။
Labels:
txt post
ကိုလေးဖြူရဲ့ ဝဘ်ဆိုက်..
Tuesday, April 28, 2009

ကိုလေးဖြူရဲ့ ပရိတ်သတ်ညီကိုတို့ အတွက် သတင်းကောင်းလေးပါးပရစေ။
သူနဲ့ ပတ်သတ်တာလေးတွေ ကိုအားပေချင်တယ်ဆိုရင် ပေါ့..
http://layphyu.talk4fun.net/
Labels:
txt post
ဂစ်တာသမားတယောက်၏လိုအပ်ချက်..
အားလုံးထဲမှာ ပထမဆုံးအနေဖြင့် သင်၏လိုအပ်ချက်အားလုံးသည် ကိုယ်တွင်း၌ လွယ်ကူစွာချဉ်းကပ်ရောက်ရှိနိုင်ရန် လေ့ကျင့်မှုဧရိယာ ကို ပုံသေထားရှိသင့်သည်။ ဂစ်တာကို ဂစ်တာထည့်သောအိတ်(case)မှ ထုတ်၍ ဂစ်တာတင်ခုံ(guitar stand)တွင် ထားပါမှ ထိုအရာသည် သင့်ကို လေ့ကျင့်ရန် မပြတ်သတိပေးနေမည်။ ထို့ကြောင့်သင်သည် အပြင်သို့မသွားမီ ရရှိလာသော မည်သည့်မိနစ်အနည်းငယ်အချိန်တွင်မဆို ဂစ်တာကို ကောက်ကိုင်၍ တီးခတ်နိုင်မည်။ ပြီးလျှင် ထိုအတိုင်း တဖန် ပြန်ထားခဲ့ပါ။ အသံချဲ့စက်၊ နရီပြကရိယာ၊ အသုံးပြုနေသော ဂီတစာအုပ်များနှင့် ကက် ဆက် (သို့မဟုတ်) စီဒီဖွင့်စက်များကို သင်၏လက်တစ်ကမ်းအကွာတွင် ထားရှိသင့်သည်။ သင့်အတွက် သက်တောင့်သက်သာရှိသော ခွေးခြေထိုင် ခုံ (သို့မဟုတ်) လက်တင်မပါသော ကုလားထိုင်လိုအပ်ပြီး စာအုပ်များအတွက် ဂီတစာရွက်တင်သောစင်(music stand)တစ်ခု လိုအပ်ပါသည်။
သူတို့ဘယ်လောက်လေ့ကျင့်သင့်သနည်းဟု လူအများက က္ဈန်ုကို မေးလာသောအခါ ......၊ ကောင်းပြီ ခင်ဗျားတို့ဘယ်လောက်ကောင်း အောင် တီးချင်သလဲ ဟူသောမေးခွန်းဖြင့် များသောအားဖြင့် ဖြေကြားပါသည်။ သင်တတ်နိုင်သလောက် များများလေ့ကျင့်၍ ကြာနိုင်သမျှကြာကြာ အာရုံဝင်စား၍ လေ့ကျင့်သင့်သည်။ အဓိကမှာ သင်၏လေ့ကျင့်မှု၌ ပျော်ဝင်နေရန်ဖြစ်သည်။ သို့မဟုတ်ပါက သင်လိုချင်သောတိုးတက်မှုကို မမြင် တွေ့မီ ငြီးငွေ့မှုနှင့် စိတ်စောနေမှုများ ဖြစ်ပေါ်နေမည်။ အမှန်တကယ် သီးသန့်လေ့ကျင့်ချိန် အများအပြားရရှိရန်အတွက် နေ့စဉ် အနည်းဆုံး တစ်နာရီ (သို့မဟုတ်) ထို့ထက်ပိုသောလေ့ကျင့်ချိန်ဖြင့် စတင်ပါ။ ဘယ်လောက်တိုးတက်မှုရှိသနည်းဆိုသည်ကို မြင်တွေ့ရမည်။ ယေဘုယျအားဖြင့် ခဏသာတီးခတ်ခြင်း၊ မကြာမကြာတီးခတ်ခြင်းထက် မရပ်မနား မာရသွန်လေ့ကျင့်တီးခတ်ခြင်းက ပိုမိုကောင်းမွန်ပါသည်။ သို့သော် တစ်ဦးစီ၌ ခြားနားချက်ရှိ၍ သင့်အတွက် မည်သည့်အရာက အကောင်းဆုံးဆိုသည်ကိုမူ ကိုယ်တိုင်အလုပ်လုပ်ခြင်းဖြင့် ရှာဖွေကြည့်ပါ။
ဂီတဆိုသည်မှာ ဥပမာများဖြင့်သင်ယူခြင်းက အကောင်းဆုံးဟုဆိုကတည်းက သီချင်းများနှင့် တီးလုံးများ(solos)ကို ပိုင်းခြားလေ့လာ ထားသင့်ပြီး ထိုအရာကသင့်ကို တွန်းအားပေးလိမ့်မည်။ သို့သော် သီချင်းများအား လေ့လာခြင်းကိုသာမပြုလုပ်သင့်ပါ။ စည်းမျဉ်းများနှင့် အသုံးပြု မည့် နည်းစနစ်များအား နားလည်ရန်လိုအပ်ပြီး ဂီတဗဟုသုတကိုပါ ဆည်းပူးရန်လိုအပ်သည်။ ထုံးစံအရ ကောင်းမွန်သောဂစ်တာတီးခတ်သူ သက်သက်သာမဟုတ်ဘဲ ကောင်းမွန်သော ဂီတပညာရှင်တစ်ဦးဖြစ်ရန်ပါ သင်အလိုရှိပေလိမ့်မည်။ ထိုအရာအတွက် ဤအစီအစဉ်များအတွင်းပါ သောစာအုပ်များ(Troy Stetina series ကို ဆိုလိုသည်။ ၎င်းစာအုပ်များကို ဤဆောင်းပါးအပြီး၌ ဖော်ပြပေးထားသည်။ ။ဘာသာပြန်သူ)
သည် ဂီတအမျိုးစုံကိုဖုံးအုပ်၍ သီးခြားနည်းစနစ်ကိုပါ ပုံဖော်ပြသထားသည်။ ထိုအရာများကို တတ်နိုင်သလောက် သင်ယူပါ။ ဒါပေမယ့် ထိုနေရာမှာ တင်ရပ်မနေပါနှင့်။ သင်အကြိုက်ဆုံးတီးဝိုင်းများမှ ပုံနှိပ်စာရွက်များ(notes များကိုဆိုလိုသည်။ ။ ဘာသာပြန်သူ) ကို ရှာဖွေ၍ သူတို့၏ စီဒီ များကိုဖွင့်ပြီး အရာအားလုံးကိုသင်ယူပါ။ သူငယ်ချင်းများနှင့်အတူ ပူးတွဲတီးခတ်ပါ။ တီးဝိုင်းတစ်ခုဖွဲ့စည်းပြီး ၎င်းတီးဝိုင်းဖြင့် အစမ်းလေ့ကျင့်ခြင်း သည် သင်တစ်ဦးတည်းအိပ်ခန်းအတွင်း၌ လေ့ကျင့်သင်ကြား၍မရနိုင်သောအရာများကို သင်ကြားပေးလိမ့်မည်။
စာအုပ်အမြားအပြားဖြင့် တစ်ချိန်တည်းအလုပ်လုပ်ခြင်းကကောင်းသလား (သို့မဟုတ်ဝ အခြားစာအုပ်များကိုမစမီ စာအုပ်တစ်အုပ်ကို သာ ပြီးအောင်လုပ်ခြင်းက ပိုကောင်းသလားဟု ဂစ်တာသမားများက ကျွန်ုပ်ကို မကြာခဏမေးကြသည်။ အနည်းဆုံး ကျွန်တော့်စာအုပ်များနှင့် စပ်လျင်း၍မူ စာအုပ်အများအပြားအား တစ်ချိန်တည်းအသုံးပြုခြင်းက သင့်အတွက်ပိုကောင်းသည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။ အဘယ်ကြောင့် ဆိုသော် ကျွမ်းကျင်မှုများနှင့် နည်းစနစ်များမှာ စာအုပ်တစ်အုပ်နှင့် အခြားစာအုပ်တစ်အုပ်တို့၏ ကွဲပြားသောချဉ်းကပ်မှုများအား မြင်တွေ့ခြင်းဖြင့် သင့်ကို အကျိုးကျေးဇူးရရှိစေနိုင်သည်။ (ကျွန်ုပ်စာအုပ်အသီးသီးသည် ဂစ်တာတီးခတ်မှု၏ ကွဲပြားသောပုံသဏ္ဍာန်များကို စုစည်းထားသည်။) အရေးကြီးဆုံးနှင့် ဖြစ်နိုင်ခြေအရှိဆုံးအရာမှာ အမျိုးမျိုးသောအရာများကို လေ့ကျင့်ခြင်းဖြင့် တစ်ခုတည်းကိုသာ လေ့ကျင့်နေ၍ဖြစ်ပေါ်လာသော ငြီးငွေ့မှုများကိုလည်း ပြေပျောက်စေလိမ့်မည်။ စာအုပ်အသီးသီးအား ပြီးစီးအောင်မလုပ်လျှင်လည်း သင့်အားဆိုးရွားသောဖရိုဖရဲနိုင်မှုများ မဖြစ်စေ ပါ။ သင် ရစ်သမ်(Rhythm)ကို ကျွမ်းကျင်စွာတီးတတ်မှ လိဒ်(Lead)စတင်နိုင်မည်ဟု လူအများက လွဲမှားစွာထင်မြင်နေပါသည်။ ဒါ မမှန်ပါ။ ရစ်သမ် ဂစ်တာဟာ ယေဘုယျအားဖြင့် လိဒ်ထက်လွယ်ပေမယ့် အမြဲမဟုတ်ပါ။ ထိုနှစ်ခုကြားမှ အလွန်ကွာဝေးစွာ ခွဲခြားထားသောမျဉ်းဟာ အမြဲမရှင်းလင်း ပါ။ ရစ်သမ်ဂစ်တာအစိတ်အပိုင်းများမှာ တခါတရံ ရစ်(ဖ်) (Riff) များပါဝင်ပြီး ၎င်းတို့သည် မယုံနိုင်ဖွယ်ရာ လိဒ်ကဲ့သို့ ထင်မြင်စရာပါ။ အမှန်အား ဖြင့် အချို့ဟာ အခြားအရာများထက် ပိုမြန်ပြီး ပိုခက်ခဲတတ်ပါသည်။ အခြေခံအားဖြင့် ဂီတလေ့ကျင့်မှုများ၌ သင်၏အစွမ်းအစအနည်းငယ်နှင့် သတိ မပြုမှုများကို ရစ်သမ်ဂစ်တာ၌ဖြစ်စေ၊ လိဒ်ဂစ်တာ၌ဖြစ်စေ ကွဲပြားစွာရှိနေပါစေ။ နှစ်မျိုးစလုံးကို တစ်ပြိုင်နက်တည်းလေ့လာနိုင်သည်။ လေ့လည်း လေ့လာသင့်သည်။
နောက်ဆုံးအနေဖြင့် ဂစ်တာလေ့ကျင့်ခန်းများရယူမှုအပေါ် ကောက်ချက်ချမည်ဆိုလျှင် ဆရာကောင်းတစ်ဦး၏ကူညီမှုက သင့်အား မကောင်းသောအလေ့အထများမှ ရှောင်ဖယ်ပြီး မှန်ကန်သောလမ်းကြောင်းကိုပြသခြင်းဖြင့် လျင်မြန်စွာသင်ယူနိုင်လိမ့်မည်ဆိုသည်ကို သံသယဖြစ် စရာမရှိပါ။ သင်မသိသောအရာများကို အခြားပိုမိုအတွေ့အကြုံရှိသော တီးခတ်သူက လမ်းညွှန်ပြသခြင်းဖြင့်လည်း အစားမထိုးပါနှင့်။ သင့်ဆရာ ဘယ်လောက်တော်သလဲဟူသောမေးခွန်းသည် အရေးကြီး၏။ ထုံးစံမှာ သင်ကြိုက်နှစ်သက်သောစတိုင်လ်(Style)ကို အထူးကျွမ်းကျင်သူထံ၌သာ လေ့လာသင့်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသီးခြားစတိုင်လ်၏ အတွင်းရော၊ အပြင်ပါ သိရှိရန်မှာ အခြားသူများထက် ထိုပုဂ္ဂိုလ်ထံ၌သာ အမှန် တကယ်ပြီးမြောက်ပါလိမ့်မည်။ (အချို့ဆရာများသည် သင်ခန်းစာများပေးခြင်းဖြင့် အလုပ်ရှုပ်နေသောကြောင့် သူတို့အမှန်တကယ်မတတ်မြောက် သော စတိုင်လ်များကို သင်ကြားရန်တောင်းဆိုနိုင်သည်။ ထို့ကြောင့် သင့်အတွက် အရးကြီးသောအချက်မှာ မေးခွန်းများမေးရန်မကြာက်ရွံ့ပါနှင့်။) အခြားတစ်ဘက်၌ ကောင်းမွန်သောအတီးသမားများသည် အမြဲတမ်းဆရာသမားကောင်းများမလုပ်ကြပါ။ ထို့ကြောင့် သူတို့ဂုဏ်သတင်းအကြောင်း ကို ပတ်ဝန်းကျင်၌မေးမြန်းပါ။ သင်သည်ဂီတနှင့်ပတ်သက်၍ အမှန်တကယ်ပြုလုပ်ရန်ကြံရွယ်ထားလျှင် တိုင်းပြည်အတွင်းရှိဂီတကျောင်းများတွင် သင်စိတ်ဝင်စားသော အီလက်ထရစ်ဂစ်တာစတိုင်လ်အတွက် အစီအစဉ်ကိုစုံစမ်းပါ။ ကယ်လီဖိုးနီးယား၊ ဟောလီးဝုဒ်ရှိ ဂီတပညာရှင်များကျောင်း (Musician's Institute in Hollywood, California)သည် အကောင်းဆုံးဟုယူဆနိုင်သော်လည်း အခြားကျောင်းအတော်များများ၌လည်း အလား တူအစီအစဉ်များ ရှိနေပါသည်။ ထို့ကြောင့် နောက်စာအုပ်၌ ကျွန်ုပ်တို့ တစ်ဖန်မတွေ့ဆုံမီ သင့်တီးခတ်မှု၌ ပျော်မွေ့နိုင်ပြီး ကံကောင်းပါစေ။
အထက်ပါဆောင်းပါးသည် Troy Stetina ၏ Metal Lead Guitar - Primer စာအုပ်၏ နောက်ဆုံးတွင်ပါသော How to Practice ကို ဘာသာပြန်ထားခြင်းဖြစ်သည်။ ဂစ်တာသမားအများစု၏ ဘယ်လိုလေ့ကျင့်မလဲဟူသော အခက်အခဲကို အားလုံးမဟုတ်တောင် အနည်းငယ်သိရှိ၊ ဖြေရှင်းသွားနိုင်ရန် ရည်ရွယ်ပါသည်။
Troy Stetina သည် သြဇာရှိသော ရှေ့ဆောင်လမ်းပြ ဂစ်တာနည်းပြတစ်ဦးနှင့် ပိုင်းခြားသိမြင်နိုင်သော ဂစ်တာကျွမ်းကျင်သူအဖြစ် တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားကြသည်။ သူ၏ရောင်းအားကောင်းသော စာအုပ်များ၊ နည်းပညာများနှင့် ဗီဒီယိုများကို မဂ္ဂဇင်းများမှ ချီးကျူး ကြရ၍ ကမ္ဘာတစ်ဝှမ်းရှိ ဆရာများနှင့် ဂစ်တာသမားများက အသုံးပြုကြသည်။ Troy Strtina သည် Guitar World, Guitar School နှင့် Guitar One မဂ္ဂဖင်းများအတွက် ကူညီရေးသားပေးသည်။ Wisconsin Conservastory Music ၌ Rock Guitar Studies ၏ Director အဖြစ် ဆောင်ရွက် ကာ ထိုကျောင်း၌ တက္ကသိုလ်အဆင့် Rock နှင့် Metal Guitar အတွက် Workshops ဆွေးနွေးပွဲအစီအစဉ်များ ဖန်တီးပေးသည်။ သူရေးသားထား သော စာအုပ်များမှာ Metal Lead Guitar Primer, Metal Lead Guitar Vol 1 & 2, Metal Rhythm Guitar Vol 1 & 2, Speed & Thrash Metal Guitar Method, Secrets To Writing Killer Metal Songs, Speed Mechanics for Lead Guitar, Heavy Metal Guitar Tricks တို့ဖြစ်ပြီး Video များလည်းရှိသည်။

ဖတ်စရာမှတ်စရာ..
ဂစ်တာနဲ့ ပတ်သတ်လို့ ကျွန်တော်နားမလည်ပါဘူး.. ဒါပေမဲ့ ၀ါသနာရှင်ညီအကိုများအတွက်
အသုံးဝင်လေမလားလို့  ကူးယူဖေါ်ပြလိုက်ပါတယ်..
Major Chord
ဒီ Major Chord ဟာ (1-3-5) ဆိုတဲ့ အသံ သုံးသံနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
1 ကတော့ root note ကို ပြောတာပါ။
ဥပမာဗျာ ..... ခင်ဗျား C Chord ကို စဉ်းစားမယ်ဆိုရင် 1 က C note ပဲ
D Chord အတွက် ဆိုရင် 1 က D note ပေါ့ဗျာ ......... နော
3 ကတော့ major third ဗျ
ဒီနေရာမှာ နဲနဲရှင်းပြချင်တယ် နားမလည် မသိသေးတဲ့သူတွေ အတွက်ပေါ့ဗျာ
နားလည်ပြီးသား သိပြီးသားဆိုရင်တော့ ကျော်ဖတ်သွားလိုက်ပေါ့ဗျာ
C note ကနေ စရေမယ်ဆိုရင် C, C# , D, D# ,E ဆိုပြီး တွေ့ရလိမ့်မယ်
အဲဒီ E note က C ရဲ့major third ပေါ့ဗျာ
(ဒါ interval တွေနဲ့ဆိုင်သွားပြီဗျ ။ နောက်များ အချိန်ရရင် ဒီ interval တွေအကြောင်း သပ်သပ် Topic တစ်ခုထပ်ရေးပေးပါဦးမယ်
စိတ်ရှည်ရှည်ထားပြီးတော့ပဲ စောင့်ဖတ်ပေးကြပါဦးဗျာ)
အကြမ်းဖျင်းပြောရရင်တော့ root note C ကနေ 4 သံအကွာက note (ဒီမှာတော့ E note)ကို major third လို့ခေါ်တယ်လေ
ဒါဆို C Major Chord အတွက် အသံ သုံးသံ ရှိတဲ့အထဲက နှစ်သံရပြီ ( root note "C" နဲ့ major third "E" လေ)
နောက်ဆုံးကျန်တဲ့ တစ်သံကို ဆက်ဆွဲရအောင်
5 ကတော့ perfect fifth ကို ပြောတာပါ
C note ကနေပဲ စရေကြည့်မယ်
C, C#, D, D#,E , F, F#, G ဟုတ်ပြီနော်
အကြမ်းဖျင်းပဲပြောမယ်ဗျာ root note C ကနေ 7 သံအကွာက note (ဒီမှာတော့ G note)က perfect fifth ပဲလေ
ဒါဆို C Major Chord အတွက် အသံ သုံးသံ စလုံးစုံသွားပြီနော်
C ရယ် E ရယ် G ရယ် လေ
ဒီ အသံသုံးသံပါတဲ့ Chord တိုင်းကို C Chord လို့ခေါ်ပါတယ်
Guitar လက်ကွက်ပြားရဲ့ ဘယ်နေရာမှာပဲ ကိုင်ကိုင် တီးလိုက်လို့ ဒီ (C, E, G) သုံးသံ ပါတယ်ဆိုရင်
ခင်ဗျားကိုင်ပြီးတီးနေတာ C Chord ပဲ ဖြစ်ပါတယ် ခင်ဗျာ
ဒါဆို D Chord ကို ဆက်သွားကြည့်မယ်ဗျာ
အဆစ် သဘောလေးပေါ့
*
D Chord ကို စဉ်းစားတော့မှာမို့ သူ့ရဲ့ 1(root note)က D
*
D ကနေ စရေမယ် D, D#, E, F, F# ။ ရပြီ အဲဒီ F# က D ရဲ့ major third
*
ပြန်ရေမယ် D ကနေပဲနော် D, D#, E, F, F#, G, G#, A ။ ရပြီ အဲဒီ A က D ရဲ့ perfect fifth
ဒါဆို D major chord အတွက် အသံသုံးသံ (D, F#, A) ကို ရပါပြီ
ကဲ ကျန်တာကတော့ ခင်ဗျားတို့ အပိုင်းပဲ ပေါ့ဗျာ
ကျန်တဲ့ ခင်ဗျားတို့တီးချင်တဲ့ Major Chord တွေကိုတော့ ကိုယ့်ဘာသာကိုယ်ပဲ ရှာကြည့်ကြတော့ဗျာ
"Everything is possible with practice"

ဘီလ်ကိတ်ပြောတဲ့ ဘဝ(၁၁)ခု
ကျွန်တော့်ရဲ့ မေးလ်ထဲကို Forwarded message နဲ့ ရောက်လာတဲ့ တန်ဖိုးရှိမယ်လို့ ယူဆရတဲ့
စာသားလေးတွေပါ.. တစုံတရာပဲဖြစ်ဖြစ် တထောင့်တနေရာကပဲ ဖြစ်ဖြစ် အကြိုးရှိနိုင်လိမ့်မယ်
လို့ မျှော်လင့်ပါတယ်.. နောက်ဆုံးဗဟုသုတပဲဖြစ်ဖြစ်ပေါ့နော်..
ဘွဲ့နှင်းသဘင်တစ်ခုမှာ ဘွဲ့ရကျောင်းသားတွေအတွက် ဘီလ်ကိတ်က
ဒီလိုအကြံဥာဏ်ပေး ဟောပြောခဲ့ပါတယ်။
၁) လူ့ဘဝက မမျှတဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။
၂) ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။
အကျိုးသက်ရောက်မှုကို အရင်လုပ် ပြီးမှ ကိုယ့်ရဲ့ခံစားချက်ကို ဆန်းစစ်ဖို့
လောကကြီးက ပိုမျှော်လင့်တယ်။
၃) ကျောင်းကနေခွါတာနဲ့ လခကောင်းမရနိုင်ဘူး။ ချက်ချင်း
ဟမ်းဖုန်းချိတ်ထားတဲ့ ကွပ်ကဲသူ မဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွက်
ကြိုးပမ်းအားထုတ်မှ ရနိုင်တယ်။
၎) ကျောင်းက ဆရာတွေကို ဆိုးတယ်လို့ ခင်ဗျားတို့ထင်ခဲ့ရင်
တစ်နေ့ခင်ဗျားတို့ ကုမ္ပဏီသူဌေးတွေ ဖြစ်လာတဲ့အချိန်ကျရင် သိလိမ့်မယ်။
သူဌေးတွေက အလုပ်ကို အကြွေးမထားဘူး။
၅) ဟမ်ဘာဂါဆိုင်မှာ အလုပ်လုပ်လို့ ကိုယ့်ကို အသုံးမကျဘူးလို့ မထင်နဲ့။
ခင်ဗျား ဘိုးဘွားတွေက ဟမ်ဘာဂါအလုပ်အတွက် အဓိပ္ပါယ်တစ်ခု ဖွင့်လိုက်မယ်။
အဲဒါက "အခွင့်အရေး" တဲ့။
၆) ခင်ဗျား ဘာမှဖြစ်မလာတာ ခင်ဗျားမိဘတွေရဲ့ အမှားမဟုတ်ဘူး။ ဒါကြောင့်
ကိုယ်လုပ်တဲ့ အမှားအတွက် ဒေါသထွက်မနေနဲ့။ အမှားထဲက သင်ယူပါ။
၇) ခင်ဗျားမမွေးဖွားခင် ခင်ဗျားမိဘတွေက အခုလိုထိုင်းမှိုင်းနေတာ မဟုတ်ဘူး။
သူတို့ အခုလို ထိုင်းမှိုင်းရတာက ခင်ဗျားအသုံးစရိတ်အတွက် ရှာနေလို့၊
ခင်ဗျားရဲ့ အဝတ်တွေ လျှော်ရလို့၊ ကိုယ့်ကိုယ်ကိုတော်ကြောင်း အပြောကြီးတဲ့
ခင်ဗျားရဲ့စကားကို နားထောင်နေရလို့ဖြစ်တယ်။ ဒါကြောင့်
ခင်ဗျားမိဘတို့ခေတ်က ဖျက်ဆီးခဲ့တဲ့ အပူပိုင်းဇုံသစ်တောကို ခင်ဗျား
ပြုပြင်ကယ်တင်ဖို့ မကြိုးစားခင် ခင်ဗျားရဲ့ အိပ်ရာကို
အရင်သန့်ရှင်းလိုက်ပါ။
၈) ကျောင်းမှာ နိုင်သူနဲ့ ရှုံးသူဆိုတာရှိတယ်။ ဘဝမှာ မရှိဘူး။ ကျောင်းက
ခင်ဗျားကို အခွင့်အရေး မပြတ်ပေးပြီး အဖြေမှန်ရဖို့ ရှာခိုင်းလိမ့်မယ်။
တကယ့်လက်တွေ့ဘဝမှာတော့ ဒီလိုမရှိဘူး။
၉) တီဗွီထဲ သရုပ်ဆောင်တာတွေက တကယ့်ဘဝတွေ မဟုတ်ဘူး။ တကယ့်ဘဝက လူတိုင်း
ကော်ဖီဆိုင်ကို ကျောခိုင်းပြီး အလုပ်ထဲ ဝင်ရတာချည်းပဲ။
၁ဝ) စာဂျပိုးတွေကို တလေးတစား ဆက်ဆံပါ။ တစ်ချိန်ချိန် သူတို့ထဲက
တစ်ယောက်ဆီမှာ ခင်ဗျား အလုပ်လုပ်ဖြစ်လိမ့်မယ်။
၁၁) လူ့ဘဝမှာ သင်ကြားချိန်ကာလ မသတ်မှတ်ဘူး။ ပိတ်ရက်မရှိဘူး။
ဘယ်အလုပ်ရှင်ကမှ ခင်ဗျားလုပ်ချင်တာကို ညှိနှိုင်းပေးမှာမဟုတ်ဘူး။
ဒါကြောင့် ကိုယ့်အားလပ်ချိန်ကို အသုံးပြုပါ။

Friday, April 24, 2009
ဗုဒ္ဓပူဇနိယပွဲတော်အား ဖိတ်ကြားခြင်း
နှစ်စဉ်မြန်မာအသင်းကိုရီးယားမှ ပါဝင်ဆင်နွှဲမြဲဖြစ်သော ဆိုးလ်မြို့ ဗုဒ္ဓပူဇနိယပွဲတော်(ဗုဒ္ဓနေ့) ဧပြီလ ၂၆ ရက် (တနင်္ဂနွေနေ့)တွင် မြန်မာညီအစ်ကိုများ ပူးပေါင်းပါဝင်ဆင်နွှဲနိုင်ကြစေရန် အသိပေးကြေငြာအပ်ပါတယ်ခင်ဗျာ။
ဆော့ဂွမ်ဆာဘုရားကျောင်းမှ မနက် ၁၁ နာရီအချိန်တွင် ကရ၀ိတ်ဖောင်အပြင်အဆင်နှင့် စတင်ထွက်ခွာမည်ဖြစ်ပါသည်။ ဆိုးလ်မြို့ စုရပ်အဖြစ် ညနေ ၅ နာရီတွင် ဒုံဒဲမွန်ဈေးရှေ့တွင်လည်း မြန်မာအသင်း (ကိုရီးယား)နှင့် ပါဝင်ပူးပေါင်းနိုင်ပါသည်။ ပူးပေါင်းပါဝင်ကြမည့် ညီအကိုများအနေဖြင့် အပေါ်အင်္ကျီအဖြူနှင့် ပုဆိုးတို့ကို တူညီဝတ်စုံအဖြစ် ၀တ်ဆင်လာပါက မြန်မာ့ယဉ်ကျေးမှုကို ပိုမိုထင်ရှားစေမည် ဖြစ်သဖြင့် တတ်နိုင်ပါက ၀တ်ဆင်လာကြစေလိုပါသည်။
မြန်မာအသင်း(ကိုရီးယား) (ကိုယ်စား)

Tuesday, April 21, 2009
မင်္ဂလာရှိသော အချိန်ခါသမယ ဖြစ်ပါစေလို့ ပဏာမနှုတ်ခွန်းဆက်သပါသည်။
မြန်မာသက္ကရာဇ် ၁၃၇၁ ခုနစ်၊ တန်ခူးလ သင်္ကြန်ပွဲတော်နှင့်အတူ မြန်မာနှစ်သစ်ကူး အချိန်ခါမှ စပြီး ကမ္ဘာတ၀ှမ်းမှ မြန်မာမိတ်ဆွေအပေါင်း ကျန်းမာပျော်ရွှင် အဆင်ပြေကြစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။ နှစ်ဟောင်းမှ အဆင်မပြေမှုများသည်လည်း သင်္ကြန်အတာရေဖြင့် ဆေးကြောနိုင်ကြပြီးနောက် နှစ်သစ်နှင့်အတူ အောင်မြင်ခြင်း၊ ပြည့်စုံခြင်း၊ အဆင်ပြေခြင်းများ ပါလာနိုင်ပါစေလို့ ဆုတောင်းမေတ္တာ ပို့သ အပ်ပါသည်။
rainbow band(korea)

Subscribe to:
Posts (Atom)