ဖတ်စရာမှတ်စရာ..

Tuesday, April 28, 2009

ဂစ်တာနဲ့ ပတ်သတ်လို့ ကျွန်တော်နားမလည်ပါဘူး.. ဒါပေမဲ့ ၀ါသနာရှင်ညီအကိုများအတွက်
အသုံးဝင်လေမလားလို့  ကူးယူဖေါ်ပြလိုက်ပါတယ်..

Major Chord

ဒီ Major Chord ဟာ (1-3-5) ဆိုတဲ့ အသံ သုံးသံနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
1 ကတော့ root note ကို ပြောတာပါ။
ဥပမာဗျာ ..... ခင်ဗျား C Chord ကို စဉ်းစားမယ်ဆိုရင် 1 က C note ပဲ
D Chord အတွက် ဆိုရင် 1 က D note ပေါ့ဗျာ ......... နော
3 ကတော့ major third ဗျ
ဒီနေရာမှာ နဲနဲရှင်းပြချင်တယ် နားမလည် မသိသေးတဲ့သူတွေ အတွက်ပေါ့ဗျာ
နားလည်ပြီးသား သိပြီးသားဆိုရင်တော့ ကျော်ဖတ်သွားလိုက်ပေါ့ဗျာ
C note ကနေ စရေမယ်ဆိုရင် C, C# , D, D# ,E ဆိုပြီး တွေ့ရလိမ့်မယ်
အဲဒီ E note က C ရဲ့major third ပေါ့ဗျာ
(ဒါ interval တွေနဲ့ဆိုင်သွားပြီဗျ ။ နောက်များ အချိန်ရရင် ဒီ interval တွေအကြောင်း သပ်သပ် Topic တစ်ခုထပ်ရေးပေးပါဦးမယ်
စိတ်ရှည်ရှည်ထားပြီးတော့ပဲ စောင့်ဖတ်ပေးကြပါဦးဗျာ)
အကြမ်းဖျင်းပြောရရင်တော့ root note C ကနေ 4 သံအကွာက note (ဒီမှာတော့ E note)ကို major third လို့ခေါ်တယ်လေ
ဒါဆို C Major Chord အတွက် အသံ သုံးသံ ရှိတဲ့အထဲက နှစ်သံရပြီ ( root note "C" နဲ့ major third "E" လေ)
နောက်ဆုံးကျန်တဲ့ တစ်သံကို ဆက်ဆွဲရအောင်
5 ကတော့ perfect fifth ကို ပြောတာပါ
C note ကနေပဲ စရေကြည့်မယ်
C, C#, D, D#,E , F, F#, G ဟုတ်ပြီနော်
အကြမ်းဖျင်းပဲပြောမယ်ဗျာ root note C ကနေ 7 သံအကွာက note (ဒီမှာတော့ G note)က perfect fifth ပဲလေ
ဒါဆို C Major Chord အတွက် အသံ သုံးသံ စလုံးစုံသွားပြီနော်
C ရယ် E ရယ် G ရယ် လေ
ဒီ အသံသုံးသံပါတဲ့ Chord တိုင်းကို C Chord လို့ခေါ်ပါတယ်
Guitar လက်ကွက်ပြားရဲ့ ဘယ်နေရာမှာပဲ ကိုင်ကိုင် တီးလိုက်လို့ ဒီ (C, E, G) သုံးသံ ပါတယ်ဆိုရင်
ခင်ဗျားကိုင်ပြီးတီးနေတာ C Chord ပဲ ဖြစ်ပါတယ် ခင်ဗျာ
ဒါဆို D Chord ကို ဆက်သွားကြည့်မယ်ဗျာ
အဆစ် သဘောလေးပေါ့

*
D Chord ကို စဉ်းစားတော့မှာမို့ သူ့ရဲ့ 1(root note)က D
*
D ကနေ စရေမယ် D, D#, E, F, F# ။ ရပြီ အဲဒီ F# က D ရဲ့ major third
*
ပြန်ရေမယ် D ကနေပဲနော် D, D#, E, F, F#, G, G#, A ။ ရပြီ အဲဒီ A က D ရဲ့ perfect fifth

ဒါဆို D major chord အတွက် အသံသုံးသံ (D, F#, A) ကို ရပါပြီ
ကဲ ကျန်တာကတော့ ခင်ဗျားတို့ အပိုင်းပဲ ပေါ့ဗျာ
ကျန်တဲ့ ခင်ဗျားတို့တီးချင်တဲ့ Major Chord တွေကိုတော့ ကိုယ့်ဘာသာကိုယ်ပဲ ရှာကြည့်ကြတော့ဗျာ
"Everything is possible with practice"

1 comment

wan wei' kuan said...

အခုမှ စလေ့လာတာဆိုတော့ သိပ်တော့ နားမလည်ဘူးဗျာ သိထားတော့ အကျိုးတော့ရှိမှာပါ

December 10, 2012 at 8:36 PM

Post a Comment