ဂစ်တာသမားတယောက်၏လိုအပ်ချက်..

Tuesday, April 28, 2009

အားလုံးထဲမှာ ပထမဆုံးအနေဖြင့် သင်၏လိုအပ်ချက်အားလုံးသည် ကိုယ်တွင်း၌ လွယ်ကူစွာချဉ်းကပ်ရောက်ရှိနိုင်ရန် လေ့ကျင့်မှုဧရိယာ ကို ပုံသေထားရှိသင့်သည်။ ဂစ်တာကို ဂစ်တာထည့်သောအိတ်(case)မှ ထုတ်၍ ဂစ်တာတင်ခုံ(guitar stand)တွင် ထားပါမှ ထိုအရာသည် သင့်ကို လေ့ကျင့်ရန် မပြတ်သတိပေးနေမည်။ ထို့ကြောင့်သင်သည် အပြင်သို့မသွားမီ ရရှိလာသော မည်သည့်မိနစ်အနည်းငယ်အချိန်တွင်မဆို ဂစ်တာကို ကောက်ကိုင်၍ တီးခတ်နိုင်မည်။ ပြီးလျှင် ထိုအတိုင်း တဖန် ပြန်ထားခဲ့ပါ။ အသံချဲ့စက်၊ နရီပြကရိယာ၊ အသုံးပြုနေသော ဂီတစာအုပ်များနှင့် ကက် ဆက် (သို့မဟုတ်) စီဒီဖွင့်စက်များကို သင်၏လက်တစ်ကမ်းအကွာတွင် ထားရှိသင့်သည်။ သင့်အတွက် သက်တောင့်သက်သာရှိသော ခွေးခြေထိုင် ခုံ (သို့မဟုတ်) လက်တင်မပါသော ကုလားထိုင်လိုအပ်ပြီး စာအုပ်များအတွက် ဂီတစာရွက်တင်သောစင်(music stand)တစ်ခု လိုအပ်ပါသည်။
သူတို့ဘယ်လောက်လေ့ကျင့်သင့်သနည်းဟု လူအများက က္ဈန်ုကို မေးလာသောအခါ ......၊ ကောင်းပြီ ခင်ဗျားတို့ဘယ်လောက်ကောင်း အောင် တီးချင်သလဲ ဟူသောမေးခွန်းဖြင့် များသောအားဖြင့် ဖြေကြားပါသည်။ သင်တတ်နိုင်သလောက် များများလေ့ကျင့်၍ ကြာနိုင်သမျှကြာကြာ အာရုံဝင်စား၍ လေ့ကျင့်သင့်သည်။ အဓိကမှာ သင်၏လေ့ကျင့်မှု၌ ပျော်ဝင်နေရန်ဖြစ်သည်။ သို့မဟုတ်ပါက သင်လိုချင်သောတိုးတက်မှုကို မမြင် တွေ့မီ ငြီးငွေ့မှုနှင့် စိတ်စောနေမှုများ ဖြစ်ပေါ်နေမည်။ အမှန်တကယ် သီးသန့်လေ့ကျင့်ချိန် အများအပြားရရှိရန်အတွက် နေ့စဉ် အနည်းဆုံး တစ်နာရီ (သို့မဟုတ်) ထို့ထက်ပိုသောလေ့ကျင့်ချိန်ဖြင့် စတင်ပါ။ ဘယ်လောက်တိုးတက်မှုရှိသနည်းဆိုသည်ကို မြင်တွေ့ရမည်။ ယေဘုယျအားဖြင့် ခဏသာတီးခတ်ခြင်း၊ မကြာမကြာတီးခတ်ခြင်းထက် မရပ်မနား မာရသွန်လေ့ကျင့်တီးခတ်ခြင်းက ပိုမိုကောင်းမွန်ပါသည်။ သို့သော် တစ်ဦးစီ၌ ခြားနားချက်ရှိ၍ သင့်အတွက် မည်သည့်အရာက အကောင်းဆုံးဆိုသည်ကိုမူ ကိုယ်တိုင်အလုပ်လုပ်ခြင်းဖြင့် ရှာဖွေကြည့်ပါ။
ဂီတဆိုသည်မှာ ဥပမာများဖြင့်သင်ယူခြင်းက အကောင်းဆုံးဟုဆိုကတည်းက သီချင်းများနှင့် တီးလုံးများ(solos)ကို ပိုင်းခြားလေ့လာ ထားသင့်ပြီး ထိုအရာကသင့်ကို တွန်းအားပေးလိမ့်မည်။ သို့သော် သီချင်းများအား လေ့လာခြင်းကိုသာမပြုလုပ်သင့်ပါ။ စည်းမျဉ်းများနှင့် အသုံးပြု မည့် နည်းစနစ်များအား နားလည်ရန်လိုအပ်ပြီး ဂီတဗဟုသုတကိုပါ ဆည်းပူးရန်လိုအပ်သည်။ ထုံးစံအရ ကောင်းမွန်သောဂစ်တာတီးခတ်သူ သက်သက်သာမဟုတ်ဘဲ ကောင်းမွန်သော ဂီတပညာရှင်တစ်ဦးဖြစ်ရန်ပါ သင်အလိုရှိပေလိမ့်မည်။ ထိုအရာအတွက် ဤအစီအစဉ်များအတွင်းပါ သောစာအုပ်များ(Troy Stetina series ကို ဆိုလိုသည်။ ၎င်းစာအုပ်များကို ဤဆောင်းပါးအပြီး၌ ဖော်ပြပေးထားသည်။ ။ဘာသာပြန်သူ)
သည် ဂီတအမျိုးစုံကိုဖုံးအုပ်၍ သီးခြားနည်းစနစ်ကိုပါ ပုံဖော်ပြသထားသည်။ ထိုအရာများကို တတ်နိုင်သလောက် သင်ယူပါ။ ဒါပေမယ့် ထိုနေရာမှာ တင်ရပ်မနေပါနှင့်။ သင်အကြိုက်ဆုံးတီးဝိုင်းများမှ ပုံနှိပ်စာရွက်များ(notes များကိုဆိုလိုသည်။ ။ ဘာသာပြန်သူ) ကို ရှာဖွေ၍ သူတို့၏ စီဒီ များကိုဖွင့်ပြီး အရာအားလုံးကိုသင်ယူပါ။ သူငယ်ချင်းများနှင့်အတူ ပူးတွဲတီးခတ်ပါ။ တီးဝိုင်းတစ်ခုဖွဲ့စည်းပြီး ၎င်းတီးဝိုင်းဖြင့် အစမ်းလေ့ကျင့်ခြင်း သည် သင်တစ်ဦးတည်းအိပ်ခန်းအတွင်း၌ လေ့ကျင့်သင်ကြား၍မရနိုင်သောအရာများကို သင်ကြားပေးလိမ့်မည်။
စာအုပ်အမြားအပြားဖြင့် တစ်ချိန်တည်းအလုပ်လုပ်ခြင်းကကောင်းသလား (သို့မဟုတ်ဝ အခြားစာအုပ်များကိုမစမီ စာအုပ်တစ်အုပ်ကို သာ ပြီးအောင်လုပ်ခြင်းက ပိုကောင်းသလားဟု ဂစ်တာသမားများက ကျွန်ုပ်ကို မကြာခဏမေးကြသည်။ အနည်းဆုံး ကျွန်တော့်စာအုပ်များနှင့် စပ်လျင်း၍မူ စာအုပ်အများအပြားအား တစ်ချိန်တည်းအသုံးပြုခြင်းက သင့်အတွက်ပိုကောင်းသည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။ အဘယ်ကြောင့် ဆိုသော် ကျွမ်းကျင်မှုများနှင့် နည်းစနစ်များမှာ စာအုပ်တစ်အုပ်နှင့် အခြားစာအုပ်တစ်အုပ်တို့၏ ကွဲပြားသောချဉ်းကပ်မှုများအား မြင်တွေ့ခြင်းဖြင့် သင့်ကို အကျိုးကျေးဇူးရရှိစေနိုင်သည်။ (ကျွန်ုပ်စာအုပ်အသီးသီးသည် ဂစ်တာတီးခတ်မှု၏ ကွဲပြားသောပုံသဏ္ဍာန်များကို စုစည်းထားသည်။) အရေးကြီးဆုံးနှင့် ဖြစ်နိုင်ခြေအရှိဆုံးအရာမှာ အမျိုးမျိုးသောအရာများကို လေ့ကျင့်ခြင်းဖြင့် တစ်ခုတည်းကိုသာ လေ့ကျင့်နေ၍ဖြစ်ပေါ်လာသော ငြီးငွေ့မှုများကိုလည်း ပြေပျောက်စေလိမ့်မည်။ စာအုပ်အသီးသီးအား ပြီးစီးအောင်မလုပ်လျှင်လည်း သင့်အားဆိုးရွားသောဖရိုဖရဲနိုင်မှုများ မဖြစ်စေ ပါ။ သင် ရစ်သမ်(Rhythm)ကို ကျွမ်းကျင်စွာတီးတတ်မှ လိဒ်(Lead)စတင်နိုင်မည်ဟု လူအများက လွဲမှားစွာထင်မြင်နေပါသည်။ ဒါ မမှန်ပါ။ ရစ်သမ် ဂစ်တာဟာ ယေဘုယျအားဖြင့် လိဒ်ထက်လွယ်ပေမယ့် အမြဲမဟုတ်ပါ။ ထိုနှစ်ခုကြားမှ အလွန်ကွာဝေးစွာ ခွဲခြားထားသောမျဉ်းဟာ အမြဲမရှင်းလင်း ပါ။ ရစ်သမ်ဂစ်တာအစိတ်အပိုင်းများမှာ တခါတရံ ရစ်(ဖ်) (Riff) များပါဝင်ပြီး ၎င်းတို့သည် မယုံနိုင်ဖွယ်ရာ လိဒ်ကဲ့သို့ ထင်မြင်စရာပါ။ အမှန်အား ဖြင့် အချို့ဟာ အခြားအရာများထက် ပိုမြန်ပြီး ပိုခက်ခဲတတ်ပါသည်။ အခြေခံအားဖြင့် ဂီတလေ့ကျင့်မှုများ၌ သင်၏အစွမ်းအစအနည်းငယ်နှင့် သတိ မပြုမှုများကို ရစ်သမ်ဂစ်တာ၌ဖြစ်စေ၊ လိဒ်ဂစ်တာ၌ဖြစ်စေ ကွဲပြားစွာရှိနေပါစေ။ နှစ်မျိုးစလုံးကို တစ်ပြိုင်နက်တည်းလေ့လာနိုင်သည်။ လေ့လည်း လေ့လာသင့်သည်။
နောက်ဆုံးအနေဖြင့် ဂစ်တာလေ့ကျင့်ခန်းများရယူမှုအပေါ် ကောက်ချက်ချမည်ဆိုလျှင် ဆရာကောင်းတစ်ဦး၏ကူညီမှုက သင့်အား မကောင်းသောအလေ့အထများမှ ရှောင်ဖယ်ပြီး မှန်ကန်သောလမ်းကြောင်းကိုပြသခြင်းဖြင့် လျင်မြန်စွာသင်ယူနိုင်လိမ့်မည်ဆိုသည်ကို သံသယဖြစ် စရာမရှိပါ။ သင်မသိသောအရာများကို အခြားပိုမိုအတွေ့အကြုံရှိသော တီးခတ်သူက လမ်းညွှန်ပြသခြင်းဖြင့်လည်း အစားမထိုးပါနှင့်။ သင့်ဆရာ ဘယ်လောက်တော်သလဲဟူသောမေးခွန်းသည် အရေးကြီး၏။ ထုံးစံမှာ သင်ကြိုက်နှစ်သက်သောစတိုင်လ်(Style)ကို အထူးကျွမ်းကျင်သူထံ၌သာ လေ့လာသင့်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသီးခြားစတိုင်လ်၏ အတွင်းရော၊ အပြင်ပါ သိရှိရန်မှာ အခြားသူများထက် ထိုပုဂ္ဂိုလ်ထံ၌သာ အမှန် တကယ်ပြီးမြောက်ပါလိမ့်မည်။ (အချို့ဆရာများသည် သင်ခန်းစာများပေးခြင်းဖြင့် အလုပ်ရှုပ်နေသောကြောင့် သူတို့အမှန်တကယ်မတတ်မြောက် သော စတိုင်လ်များကို သင်ကြားရန်တောင်းဆိုနိုင်သည်။ ထို့ကြောင့် သင့်အတွက် အရးကြီးသောအချက်မှာ မေးခွန်းများမေးရန်မကြာက်ရွံ့ပါနှင့်။) အခြားတစ်ဘက်၌ ကောင်းမွန်သောအတီးသမားများသည် အမြဲတမ်းဆရာသမားကောင်းများမလုပ်ကြပါ။ ထို့ကြောင့် သူတို့ဂုဏ်သတင်းအကြောင်း ကို ပတ်ဝန်းကျင်၌မေးမြန်းပါ။ သင်သည်ဂီတနှင့်ပတ်သက်၍ အမှန်တကယ်ပြုလုပ်ရန်ကြံရွယ်ထားလျှင် တိုင်းပြည်အတွင်းရှိဂီတကျောင်းများတွင် သင်စိတ်ဝင်စားသော အီလက်ထရစ်ဂစ်တာစတိုင်လ်အတွက် အစီအစဉ်ကိုစုံစမ်းပါ။ ကယ်လီဖိုးနီးယား၊ ဟောလီးဝုဒ်ရှိ ဂီတပညာရှင်များကျောင်း (Musician's Institute in Hollywood, California)သည် အကောင်းဆုံးဟုယူဆနိုင်သော်လည်း အခြားကျောင်းအတော်များများ၌လည်း အလား တူအစီအစဉ်များ ရှိနေပါသည်။ ထို့ကြောင့် နောက်စာအုပ်၌ ကျွန်ုပ်တို့ တစ်ဖန်မတွေ့ဆုံမီ သင့်တီးခတ်မှု၌ ပျော်မွေ့နိုင်ပြီး ကံကောင်းပါစေ။


အထက်ပါဆောင်းပါးသည် Troy Stetina ၏ Metal Lead Guitar - Primer စာအုပ်၏ နောက်ဆုံးတွင်ပါသော How to Practice ကို ဘာသာပြန်ထားခြင်းဖြစ်သည်။ ဂစ်တာသမားအများစု၏ ဘယ်လိုလေ့ကျင့်မလဲဟူသော အခက်အခဲကို အားလုံးမဟုတ်တောင် အနည်းငယ်သိရှိ၊ ဖြေရှင်းသွားနိုင်ရန် ရည်ရွယ်ပါသည်။
Troy Stetina သည် သြဇာရှိသော ရှေ့ဆောင်လမ်းပြ ဂစ်တာနည်းပြတစ်ဦးနှင့် ပိုင်းခြားသိမြင်နိုင်သော ဂစ်တာကျွမ်းကျင်သူအဖြစ် တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားကြသည်။ သူ၏ရောင်းအားကောင်းသော စာအုပ်များ၊ နည်းပညာများနှင့် ဗီဒီယိုများကို မဂ္ဂဇင်းများမှ ချီးကျူး ကြရ၍ ကမ္ဘာတစ်ဝှမ်းရှိ ဆရာများနှင့် ဂစ်တာသမားများက အသုံးပြုကြသည်။ Troy Strtina သည် Guitar World, Guitar School နှင့် Guitar One မဂ္ဂဖင်းများအတွက် ကူညီရေးသားပေးသည်။ Wisconsin Conservastory Music ၌ Rock Guitar Studies ၏ Director အဖြစ် ဆောင်ရွက် ကာ ထိုကျောင်း၌ တက္ကသိုလ်အဆင့် Rock နှင့် Metal Guitar အတွက် Workshops ဆွေးနွေးပွဲအစီအစဉ်များ ဖန်တီးပေးသည်။ သူရေးသားထား သော စာအုပ်များမှာ Metal Lead Guitar Primer, Metal Lead Guitar Vol 1 & 2, Metal Rhythm Guitar Vol 1 & 2, Speed & Thrash Metal Guitar Method, Secrets To Writing Killer Metal Songs, Speed Mechanics for Lead Guitar, Heavy Metal Guitar Tricks တို့ဖြစ်ပြီး Video များလည်းရှိသည်။

1 comment

wan wei' kuan said...

တီးလေ ကောင်းလေ ဆိုပေမယ့် လေ့လာဖို့ ဘယ်ဟာကို လေ့လာရမယ်ဆိုတာ လိုသေးတယ်ဗျ

December 10, 2012 at 8:38 PM

Post a Comment