Friday, April 24, 2009

ဗုဒ္ဓပူဇနိယပွဲတော်အား ဖိတ်ကြားခြင်း

နှစ်စဉ်မြန်မာအသင်းကိုရီးယားမှ ပါဝင်ဆင်နွှဲမြဲဖြစ်သော ဆိုးလ်မြို့ ဗုဒ္ဓပူဇနိယပွဲတော်(ဗုဒ္ဓနေ့) ဧပြီလ ၂၆ ရက် (တနင်္ဂနွေနေ့)တွင် မြန်မာညီအစ်ကိုများ ပူးပေါင်းပါဝင်ဆင်နွှဲနိုင်ကြစေရန် အသိပေးကြေငြာအပ်ပါတယ်ခင်ဗျာ။

ဆော့ဂွမ်ဆာဘုရားကျောင်းမှ မနက် ၁၁ နာရီအချိန်တွင် ကရ၀ိတ်ဖောင်အပြင်အဆင်နှင့် စတင်ထွက်ခွာမည်ဖြစ်ပါသည်။ ဆိုးလ်မြို့ စုရပ်အဖြစ် ညနေ ၅ နာရီတွင် ဒုံဒဲမွန်ဈေးရှေ့တွင်လည်း မြန်မာအသင်း (ကိုရီးယား)နှင့် ပါဝင်ပူးပေါင်းနိုင်ပါသည်။ ပူးပေါင်းပါဝင်ကြမည့် ညီအကိုများအနေဖြင့် အပေါ်အင်္ကျီအဖြူနှင့် ပုဆိုးတို့ကို တူညီဝတ်စုံအဖြစ် ၀တ်ဆင်လာပါက မြန်မာ့ယဉ်ကျေးမှုကို ပိုမိုထင်ရှားစေမည် ဖြစ်သဖြင့် တတ်နိုင်ပါက ၀တ်ဆင်လာကြစေလိုပါသည်။

မြန်မာအသင်း(ကိုရီးယား) (ကိုယ်စား)

0 comments

Post a Comment